FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

WordPress တွင် ဗွီဒီယို Feature များထည့်သွင်းခြင်း

ဗွီဒီယိုဖိုင်များကို အင်တာနက်ပေါ်တင်ခြင်းနှင့် ပြသခြင်း

သင့်အနေနှင့် သင်၏ ဗွီဒီယိုဖိုင်များကို အင်တာနက်ပေါ်တင်ရန်အတွက် လုံလောက်သောနေရာရှိရန်အတွက် သင့်၏ hosting plan ကို စစ်ဆေးရန်လိုအပ်ပါသည်။

သင်၏ wordpress ၀က်ဆိုက်တွင် စာမျက်နှာသို့မဟုတ် post အသစ်တစ်ခု စတင်ထည်သွင်းပါ။ သင်ထည်သွင်းလိုသည် ဗွီဒီယိုကို ရှာဖွေပြီး Click နှိပ်ပါ ။ ထို့နောက် Media button ကို click နှိပ်ပါ။   

Upload Files တွင် click နှိပ်ပါ

ပြီးနောက် Select Files ကို နှိပ်ပါ

သင်၏ ဗွီဒီယိုဖိုင်ကို ရွေးချယ်ပြီး အင်တာနက်ပေါ်တင်ပါ

သင်၏ ဗွီဒီယိုဖိုင်သည် media Library tab တွင် ရောက်ရှိသွားပါလိမ့်မည်။   

Embed Media Player ကိုရွေးချယ်ပါ ။ ပြီးနောက် Insert into post ကို နှိပ်ပါ။

အောက်တွင်ဖော်ပြထားသော “short code” ပုံစံတစ်ခုကို တွေ့ရပါလိမ့်မည်။

[video width="640" height="360" mp4="http://clearerchannel.org/wp/wp-content/uploads/2013/11/big_buck_bunny.mp4"][/video]

“Short code” တွင်ပါဝင်သော အလျား၊ အနံ အရွယ် အစားတို့ကို ပြောင်းလဲပြင်ဆင်နိုင်ပါသည်။ 


နောက်ဆုံးအနေဖြင့် ကိုယ့်ရဲ့ ဝက်ဆိုက်ကို Publish လုပ်လိုက်ပါ။ Mp4, WebM, Ogg အပြင် အခြား ဗွီဒီယိုဖိုင်ပေါင်းစုံဖြင့် အလုပ်လုပ်ပါပြီ။ 

ဗွီဒီယိုများကိုထည့်သွင်းခြင်း


ကွန်ပျူတာ၏ Memory တွင် URL ကို ကော်ပီကူးထားပါ

သင်၏ WordPress blog တွင် post အသစ်တစ်ခု ပေါင်းစပ်ထည့်သွင်းပါ။ ခေါင်းစဉ်တပ်ပါ။ သင့်ဗွီဒီယိုနှင့် သက်ဆိုင်သော ဖော်ပြချက် အတိုရေးသားပါ ပြီးနောက် သင်ဖော်ပြ လိုသော(အပေါ်တွင် ကော်ပီကူးခဲ့သော လင့်ကို ပြန်လည်ထည့်သွင်းရန် Right click နှိပ်ပြီး paste ကိုနှိပ်ပါ) ဗွီဒီယိုလင့်ကို ထည်သွင်းလိုက်ပါ။ 


Edit screen ၏ ညာဘက်အပေါ်တွင် ရှိသော Publish ကို နှိပ်ပါ။

သင်ထည့်သွင်းခဲ့သော ဗွီဒီယို အလုပ်လုပ်ပုံကို ကြည့်ရှုစစ်ဆေးလိုပါက View post ကို နှိပ်ပါ။

 

wordpress_embed_video_13

Embed code အသုံးပြုခြင်းနှင် ဗွီဒီယို အရွယ်အစားပြင်ဆင်ခြင်း

သင့်ဗွီဒီယို၏ အရွယ်အစားကို ပြင်ဆင်ရန်နှင့် အခြားလုပ်ဆောင်ချက်များအတွက် ဗွီဒီယို sharing လုပ်သော ၀က်ဆိုက်အများစုသည် embed code တစ်ခု ပေးလေ့ရှိသည်။

Youtube ပေါ်တွင် သင်ဆန္ဒရှိသည် ဗွီဒီယိုတစ်ခု အောင်ခြေနားတွင် ရှိသော Share ကိုနှိပ်လိုက်ပါ။ ပြသလိုသော ဗွီဒီယို၏ အရွယ်အစားကိုရွေးချယ်ပြီး နှင့် သင်လိုသော embed code ကို မြင်တွေ့နိုင်ရန် Embed ကိုနှိပ်ပါ။

သင့်အနေနှင့် embed code ကို ကော်ပီကူးယူပြီး ယင်းဗွီဒီယိုကို သင်အလိုရှိသော post တွင်ပေါ်ရန် ယင်းကုတ်ကို ထည့်သွင်းနိုင်သည်။ Visual editor ဖြစ်နေလျှင် Visual မှ Text / HTML သို့ ပြောင်းပါ။

 

ခုန ကူးယူထားသော Embed Code အား Paste လုပ်လိုက်ပါ။ အောက်ဖော်ပြပါ စကရင်ပုံစံကို မြင်ရပါလိမ့်မည်။

သင့်အနေနှင့် Visual Tab ပေါ်တွင် ပြန်နှိပ်ကြည့်ပါက သင့် ဗွီဒီယိုသည် လေးထောင့်ပုံစံတွေ့ရမည်။

အရွယ်အစားကိုပြင်ရန် ပေါ်နေသော လေးထောင်းပုံ၏ ထောင့်ကို click နှိပ်၍ လိုအပ်သလို Drag ဆွဲနိုင်သည်။

ထို့နောက် သင် ပြင်ခဲ့သော အရွယ်အစား၏ ပုံစံကို ပြန်လည်စစ်ဆေးလိုပါက View post ကိုနှိပ်ပါ ။ ပြီးနောက် Publish ကို နှိပ်ပါ။   

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.