FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

Drupal ၏ ဗီဒီယို embedding အခြေခံ

Drupal သည် wordpress ကဲ့သို့ content management system တစ်ခုဖြစ်ပါသည်။ အခြား CMS အများကဲ့သို့ပင် Drupal သည်လည်း များပြားသော စွမ်းဆောင်ရည်များဖြင့် ၀ဘ်ဆိုက်များကို မြန်ဆန်လွယ်ကူစွာပြုလုပ် ဖန်တီးနိုင်စေပါသည်။ Drupal အကြောင်း သင်ကြားမှု အခန်းကဏ္ဍများတွင် အခြေခံကျသော သင်ခန်းစာများဖြင့် စတင်ပြီး တဖြည်းဖြည်းချင်း အခြားစနစ်များကိုထည့်သွင်းပြောသွားပါမည်။

Drupal တွင်ဗီဒီယိုများကို Embedd ထည့်ခြင်း

Drupal တွင် ဗီဒီယိုများကို ထည့်သွင်းရန် OEmbed နည်းစနစ်ကို အသုံးပြုနိုင်ပါသည်။

ပထမဦးစွာ OEmbed module ကို ပုံမှန်နည်းစနစ်အတိုင်း ထည့်သွင်းလိုက်ပါ။ oEmbed Filter module ကဏ္ဍခွဲကိုလည်း enable လုပ်မိပါစေ။

oEmbed အလုပ် လုပ်/မလုပ်ကို module ၏ configuration စမ်းသပ်သည့်နေရာတွင် စမ်းနိုင်ပါသည်။

admin section တွင် configuration, media, oEmbed ကို စမ်းသပ်ပါ။ [admin/config/media/oembed/test].   

ဗီဒီယို၏ URL ကိုရိုက်ထည့်လိုက်ပါ။ submit နှိပ်ပါ။ embedded လုပ်ထားပြီးသား player ပေါ်လာပါက စမ်းသပ်မှုအောင်မြင်ပါသည်။

ဆိုလိုသည်မှာ မည်သည့် အကြောင်းအရာပို့စ်တွင်မဆို ဗီဒီယို၏ URL ကို paste လုပ်လျှင် အကြောင်းအရာတစ်ခုကိုကြည့်တိုင်း player အဖြစ်ပြောင်းပေးသွားမည်ဖြစ်ပါသည်။

Default Article အကြောင်းအရာ အမျိုးအစားတွင် စမ်းသပ်ကြည့်ကြပါစို့။  

Article တစ်ခုထဲတွင် ဗီဒီယို URL တစ်ခုကို ပို့စ်လုပ်လိုက်ပါ။ URL ကို လင့်ခ်တစ်ခုအနေနှင့် မတင်မိပါစေနှင့်။ ထိုသို့တင်မိပါက embed အလုပ်လုပ်မည်မဟုတ်ပါ။

ပို့စ်ကို သိမ်းဆည်းမှုလုပ်လိုက်လျှင် သင့် ဗီဒီယိုပေါ်လာရပါမည်။

ဤလုပ်ငန်းစဉ်က ကောင်းစွာအလုပ်လုပ်ပါသည်။ သို့သော်လည်း ဗီဒီယိုကို မည်သို့ပြသမည် ဆိုသည်နှင့် ပတ်သက်၍ ကန့်သတ်ချက်များရှိပါသည်။ အခြား ရွေးချယ်မှုစနစ်များကို ဆက်လက်ဖတ်ရှုပါ။  

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.