FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

Plumi မိတ်ဆက်

ယခုထိ ကိုယ်ပိုင်ဗီဒီယိုဆိုဒ်တစ်ခုတည်ထောင်ရန် ရွေးချယ်စရာ open-source နှစ်မျိုးဖြစ်သော Wordpress နှင့် Drupal ကို ကြည့်ခဲ့ပြီးပါပြီ။ ထို ၂ မျိုးက အသေးစားနှင့် အလတ်စား လူမှုအဖွဲ့အစည်းမှ အသုံးပြုသူများအတွက် ကောင်းစွာသင့်တော်ပြီး အသုံးများသော PHP scripting language ဖြင့်ရေးသားထားခြင်း ဖြစ်ပါသည်။.  

Plumi သည် တက်ဘလက်များနှင့် မိုဘိုင်းလ်ဖုန်းများတွင်လည်း အသုံးပြုနိုင်သော ဗီဒီယိုဝေမျှသည့်လူများအတွက် ပြည့်ဝစွာ ဝေမျှနိုင်သည့် အခြားမတူညီသော free software တစ်ခုဖြစ်ပါသည်။ သို့သော် plumi ကို developer အနည်းစုကသာ အသုံးပြုသည့် Zopeapplication ဆာဗာတွင် အခြေခံထားပြီး Python ဖြင့်ရေးထားခြင်းဖြစ်သည်။ သင့်တွင် ထိုကိစ္စများကို သုံးစွဲရာ၌ ကျွမ်းကျင်မှုမျိုးရှိသည်ဆိုပါက ဤစွမ်းအားမြင့် ဗီဒီယိုဝေမျှခြင်း web application ၏ အကျိုးကျေးဇူးများကို အသုံးချနိုင်ပါပြီ။

Plumi သည် Plone ဟုခေါ်သော စီးပွားရေးသုံးအဆင့် FOSS CMS တစ်ခုကို အခြေခံထားသည့် ကိုယ်တိုင်ပြင်ဆင်အသုံးပြုနိုင်သော package တစ်ခုဖြစ်ပြီး သင့်ကိုယ်ပိုင် ပြီးပြည့်စုံသော ဗီဒီယိုဝေမျှသည့်ဆိုဒ်တစ်ခုကို ဖန်တီးနိုင်စေပါမည်။ visual theme ၊ ဗီဒီယို format မျိုးစုံအတွက် ဆာဗာမှ ပြောင်းလဲပေးမည့် transcoding၊ upload တင်နေခြင်း အခြေအနေကို ပြသည့် bar၊ thumbnail extraction၊ HTML5 ဗီဒီယို နှင့် embedding၊ Amara ကိုအသုံးပြုထားသည့် စာတန်းထိုး၊ FTP မှတဆင့် ဖိုင်ကြီးများကို upload တင်နိုင်ခြင်း၊ လူမှုကွန်ယက်များနှင့်ချိတ်ဆက်ထားနိုင်မှု အစရှိသည်တို့အပြင် အခြားအရာများစွာပါဝင်ပါသည်။

Plumi ကို အကျိုးမြတ်မယူသောအဖွဲ့အစည်းများနှင့် အမှီခိုကင်းသောသတင်းသမားများအတွက် သူတို့ကိုယ်ပိုင် ဗီဒီယိုအဖွဲ့အစည်းများ ဖြစ်လာနိုင်စေရန် ရည်ရွယ်၍ EngageMedia မှ အထူးပြုရေးဆွဲထားခြင်းဖြစ်ပါသည်။ ထို့ပြင် စံစနစ်ဖြစ်စေရန်နှင့် ကိုယ်တိုင်ပြင်ဆင်သုံးစွဲနိုင်စေရန်လည်း ရေးဆွဲထားပြီး (Plone ဆိုက်များတွင်လည်း သုံးနိုင်သည့် မီဒီယာ transcoding ၀န်ဆောင်မှုကိုပေးသည့် module အစုများဖြစ်သော Transcode Star ကဲ့သို့) သီးခြားလုပ်ဆောင်မှုပေးသည့် အသေးစား python package များပါဝင်ပါသည်။ Plumi ကို ၂၀၀၇ ခုနှစ်တွင် ပထမဦးစွာ စတင်ထုတ်ခဲ့ပြီး Plone ၏ နောက်ဆုံးဗားရှင်းမှ တိုးချဲ့လာသော အင်္ဂါရပ်များနှင့် လိုက်လျောညီထွေစွာ အလုပ်လုပ်နိုင်ရန် အစဉ်အမြဲ update လုပ်လျက်ရှိပါသည်။

 ဤသင်ခန်းစာတွင် Linux ၀ဘ်ဆာဗာများ အလုပ်လုပ်ပုံ ဗဟုသုတနှင့် python အပါအ၀င် အဆင့်မြင့် ဆော့ဖ်ဝဲတည်ထောင်မှုများနှင့် ရင်းနှီးကျွမ်းဝင်လာသည်ဟု ယူဆနိုင်ပါသည်။ Plumi ၏ အခြေခံအင်္ဂါရပ်များနှင့် အခြေခံ ထည့်သွင်းမှု၊ configuration လုပ်ခြင်းလမ်းညွှန်များကို ပြောကြားသွားပါမည်။ Plumi blog တွင် Plumi အတွက် အခြားသောသတင်းအချက်အလက်များ၊ သင်ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်သော plumi အလုပ်လုပ်ဆောင်ပုံနမူနာအတွက် လင့်ခ်များ၊ Flossmanuals တွင် Plumi အလုပ်လုပ်ပုံအကြောင်းများအပြည့်အစုံ၊ development tracker နှင့် code တို့နှင့်အတူ တွေ့နိုင်ပါမည်။ Plumi သည် သင့် ပရောဂျက်နှင့်ကိုက်ညီသည်ဆိုလျှင် ထည့်သွင်းဖို့အတွက် code များကိုကူးယူပြီး သင့်လိုအပ်ချက်အတိုင်းသုံးစွဲဖို့အကြံပြုပါသည်။ အလုပ်လုပ်ဆောင်နိုင်ရန် အကူညီများကြည့်ရှုနိုင်သည့် အီးမေးလ်ဆွေးနွေးမှုစာရင်းလည်း ရှိပါသည်။

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.