FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

Miro Community လက်တွေ့အသုံးပြုခြင်း

Miro Community သည် ကွဲပြားခြားနားသော ရင်းမြစ် အမျိုးမျိုးမှာ ကွဲပြားခြားနားသော ဗွီဒီယိုများကို စုပေါင်း ထားရှိရန်အတွက် ကောင်းမွန်သော Tool တစ်ခုဖြစ်သည်။ ၀က်ဆိုက်ပေါ်တွင် လျှင်မြန်စွာကြည့်ရှုနိုင်ရန် အလွယ်တကူတပ်ဆင်အသုံးပြုနိုင်သည်။ Miro Community ၀က်ဆိုက်လိပ်စာနမူနာများကို အောက်တွင်ကြည့် ရှုနိုင်သည်။

  • http://pittsburghonvideo.org
  • http://whyopenedmatters.org
  • http://www.swanseatelly.org

 

Miro Community ရဲ့ဝန်ဆောင်မှုကို အသုံးပြုခြင်း (သို့) ကိုယ်ပိုင် hosted လုပ်ခြင်း


Miro community သည် အမျိုးမျိုးသော ဈေးနှုန်းသတ်မှတ်ချက်များနှင့် ၀န်ဆောင်မှုများကို ရယူသုံးစွဲနိုင်သည်(သို့မဟုတ်) download လုပ်ပြီးမိမိ ကိုယ်ပိုင် server ပေါ်တွင် တက်ဆင်အသုံးပြုနိုင်သည်။ ယင်းရွေးပိုင်ခွင့် နှစ်ခုစလုံးတွင် ကောင်းမွန်းသော အချက်လက် အမျိုးမျိုးရှိသည်။

ဝန်ဆောင်မှုကို အသုံးပြုခြင်း - Miro Community ၏ ၀န်ဆောင်မှုကို ရယူသုံးစွဲခြင်းအားဖြင့် ကောင်းမွန်သော အကျိုးကျေးဇူးတစ်ခုမှာ သင့်အနေနှင့် နည်းပညာနှင့်ပါတ်သတ်ပြီး ဂရုပြုစရာ မလိုအပ်ပေ။ သင့် အနေနှင့် ၀က်ဆိုက်ပေါ်တွင် လွယ်ကူစွာပင် sign up ပြုလုပ်ပြီး အသုံးပြုနိုင်သည်။ ကံမကောင်းစွာနဲ့ ယခုလမ်းညွန်စာအုပ်ကို ရေးသားနေစဉ်မှာပင် အခမဲ့ဝန်ဆောင်မှုများကို အသုံးမပြုနိုင်တော့ခြင်းဖြစ်သည်။

ကိုယ်ပိုင် hosted လုပ်ခြင်း - သင့်အနေနှင့် ကိုယ်ပိုင် hosted လုပ်ခြင်းအားဖြင့် အခြား ၀န်ဆောင်မှုပေးသော ဆိုက်များတွင်ကဲ့သို့ ဗွီဒီယို အရေ အတွက်ကန့်သတ်မှုများမရှိပါ။ သင့်အနေနှင့် feature များကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး layout များကို ပြောင်းလဲနိုင်သည်။

Miro Community ၏ သွင်ပြင်လက္ခဏာရပ်များ

ဗွီဒီယိုများကို စုရုံးသိမ်းဆည်းနိုင်သော ဆိုက်တစ်ခုအတွက် စိတ်ဝင်စားဖွယ်ရွေးချယ်နိုင်သော အချက်အချို့ကို MIro Community တွင်ပြုလုပ်နိုင်ပါသည်။


နှစ်လိုဖွယ်ပုံစံဖြင့်ဗွီဒီယို အချက်အလက်များကို ခင်းကျင်းပြသခြင်း

Miro Community တွင် အရေးကြီးသော ဗွီဒီယိုများကို စိတ်ဝင်စားဖွယ်ပုံစံဖြင့် ဖန်တီးနိုင်ပြီး ဗွီဒီယို တွေနှင့် သက်ဆိုင်သောအသေးစိတ်အချက်အလက်များကို လက်သည်းခွံအရွယ် ပုံရိပ်များ ပုံစံ ဖန်တီးနိုင်သော APIs နှင့် feed များကိုပါ သုံးစွဲနိုင်သည်။ သင့်အနေနှင့်ဗွီဒီယိုများကို slide showပုံစံများပါ ပြုလုပ်ဖန်တီးပေးနိုင်သည်။

Individual ဗွီဒီယိုများကို ထည့်သွင်းခြင်း

အောက်ပါနည်းလမ်းများဖြင့် Individual ဗွီဒီယိုများကို ၀က်ဆိုက်ပေါ်တွင် ထည့်သွင်းနိုင်သည်။

  • ဗွီဒီယိုများကို မျှဝေပေးနိုင်သော ၀က်ဆိုက်ပေါ်မှ URL ကို ပေါင်းထည့်ခြင်း
  • Mp4,webmetc ကဲ့သို့သော ဗွီဒီယိုဖိုင်များ၏ တိုက်ရိုက်လင့်များကို ထည့်သွင်းခြင်း
  • Embed code များကို ထည့်သွင်းခြင်း

 

     
    YouTube channels များနှင့် RSS feed များ ထည့်သွင်းခြင်း

    ဗွီဒီယိုများကို RSS feed တစ်ခုကို ပေါင်းထည့်ရန် ပြုလုပ်ခြင်း (သို့မဟုတ်) YouTube တွင် sourse များကို ပေါင်းစပ်ထည့်သွင်းခြင်းများပြုလုပ်နိုသည်။ သင်၏ Miro Community Dashboard တွင် Feed ၏ URL ကို ထည့်သွင်းရန် (သို့မဟုတ် ) channel များကို စီမံခန့်ခွဲနိုင်သော Source များပါဝင်သည်။ Add Feed ကို Click နှိပ်ပြီး

    ညွန်ကြားချက်များအတိုင်းပြုလုပ်ရုံပင်ဖြစ်သည်။

    ဆိုင်းငံထားသော ဗွီဒီယိုများကို ရိုးရှင်းလျှင်မြန်စွာ အတည်ပြုခြင်းနှင့် ငြင်းပယ်ခြင်း
    သင့်အနေနှင့် source အချို့ကို သင့်၏ ၀က်ဆိုက်ပေါ်တွင် ပေါ်ပေါက်လာရန် စီစဉ်ခြင်း(သို့မဟုတ်) ဗွီဒီယိုများကို
    Manually ဖြင့်တန်းစီထည့်သွင်းခြင်းများပြုလုပ်နိုင်သည်။ ယင်းလုပ်ဆောင်ချက်သည် လွယ်ကူ လျှင်မြန်စွာ နားလည်နိုင်သည်။ 



    There has been error in communication with Booktype server. Not sure right now where is the problem.

    You should refresh this page.