FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

Advanced Responsive Video Embedder

ပုံမှန်နည်းလမ်းများဖြင့် ဗွီဒီယိုများ embed လုပ်ခြင်းအပြင် အခြားနည်းလမ်းမျိုးစုံဖြင့် embed လုပ်ခြင်းများကိုလည်း သင်သိလိုပါလိမ့်မည်။ ထိုသို့လုပ်ဆောင်နိုင်ရန် ရာပေါင်းများစွာသော Plugins များစွာရှိပါသည်။ ထို Plugins အားလုံးအား အသုံးပြုပုံကို ဤလမ်းညွှန်မှ မဖော်ပြနိုင်ပါ။ ထို့ကြောင့် advanced responsive video embedder တစ်ခုအကြောင်းကိုသာ ဖော်ပြလိုက်ရပါသည်။

Advanced Responsive Video Embedder အားလက်တွေပအသုံးပြုခြင်း

သင့်အနေနှင့် WordPress plugin များကို ဘယ်လို ရယူရှာဖွေ ပြီး Install လုပ်ရန် အကူညီလိုအပ်ပါက ဒီခေါင်းစဉ်အောက်တွင် လေ့လာနိုင်ပါသည်။

စတင်ပြီး Advanced Responsive Video Embedder plugin ကို install လုပ်ပါ ။ ပြီးနော် JqueryColorbox plugin ကို ပေါင်းထည့်ပါ။ .  

Wordpress ၏ editor ဘားတွင် icon အသစ်တစ်ခုကို မြင်တွေ့ရပါလိမ့်မည်။

Icon ပေါ်တွင် click လုပ်ပြီး ပေါ်လာသော box တင် သင်ထည့်သွင်းလိုသော Video URL ကို ထည့်သွင်းပါ။


အခြားသော ရွေးချယ်စရာများကို ထပ်မံဖြည့်သွင်းနိုင်သည်။ Thumbnail ကို ရွေးပါ

Insert Short Code ကို နှိပ်ပါ။

သင့် ပိုစ့်ကို သိမ်းထားရန် Publish ကိုနှိပ်ပါ။

သင့်အနေနှင့် ပြန်လည်စစ်ဆေးလိုသောအခါ Video ၏ thumbnail image ကို မြင်တွေ့နိုင်သည်။

ယင်း Thumbnail တွင် နှိပ်လိုက်သောအခါ ကျွန်ုပ်တို့ စာမျက်နှာသည် အညိုရောင်သို့ ပြောင်းသွားမည်ဖြစ်ပြီး တင်ခဲ့သော ဗွီဒီယိုသည် colorbox အတွင်းတွင် ပြသနေသည်ကို မြင်ရမည်ဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့ install ပြုလုပ်ခဲ့သော jQurerycolorbox Plugin ပေါ်တွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

Browser အလိုက် တုန့်ပြန်မှုမှာလည်းကောင်းပါသည်။ ဥပမာ - ကိုယ့် Browers screen အကြီးအသေးအလိုက် သင့်လျှော်ရာ အရွယ်အစားပြောင်းပေးပါသည်။
.  

Browser စကရင် ကြီးပါက အထက်ပါအတိုင်းမြင်ရပါလိမ့်မည်။

စကရင်သေးလျှင် သေးသည့်အတိုင်းပြောင်းလဲသွားပါလိမ့်မည်။

ရောင်စုံ box လေးအတွင်းမှ စိတ်ကြိုက် setting များကိုရွေးချယ်ပြီး ပုံစံပြောင်းလဲကြည့်ရှုနိုင်ပါသည်။

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.