FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

အွန်လိုင်းဗွီဒီယို ပလေယာများကို အသုံးပြုခြင်း

ယခု အခန်းတွင် သင့်အနေနှင့်ကိုယ်ပိုင် hosting ပေါ်တွင် အသုံးပြုရန် ဗွီဒီယို format များနှင့် ဗွီဒီယို Player များကို အခြေခံ မိတ်ဆက်ပေးပါမည်။ ၀က်နည်းပညာသည် အခမဲ့ သုံးစွဲခြင်း၊ opensource software solutions (အခမဲ့လွတ်လပ် အသုံးပြုနိုင်သော ဆော့ဝဲ) နှင့် open standards ပေါ်တွင် အခြေခံထားနိုင်ပါက အကောင်းဆုံးဖြစ်သည်။ Open formats နှင့် Open standards များ ဟာ အနာဂါတ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာမည်ဖြစ်သည်။  Open solution တွေ ဟာ ကုန်ကျစရိတ်သက်သာသောဖြေရှင်းနည်းများပင်ဖြစ်သည်။

HTML5 web Browser လျှင်မြန်စွာတိုးတက်လာခြင်းသည် သင့်ကိုယ်ပိုင် ဗွီဒီယိုဖိုင်များကို ကုန်ကစရိတ်သက်သာပြီး လွယ်ကူစွာ host ပြုလုပ်နိုင်စေပါသည်။ လက်ရှိအခြေနေတွင် ကောင်းမွန်သော HTML5 players များကိုရွေးချယ်နိုင်သည့် အခြေအနေနှင့် လွန်ခဲ့သော နှစ်အနည်းအငယ်က Flash player နှင့် swf video တို့ ၏ စိုးမိုးထားသော အခြေအနေကို နှိုင်းယှည် ကြည့်ပါက အခု အခြေသည် ကျွန်ုပ်တို့ အတွက် ပိုမိုကောင်းမွန်သော အခြေအနေ တစ်ခုဖြစ်ပါသည်။

မျက်မှောက်ခေတ်ဗွီဒီယို players နမူနာအချို့


ဤလမ်းညွှန်တွင် ကျွန်ပ်တို့ အနေနှင့် player များလုပ်ဆောင်ပုံကိုရှင်းပြရာတွင် ရိုးရှင်းသော စာများဖြင့်သာ ရှင်းပြလေးရှိသည်။ သို့သော် ယခု မျိုးဆက်သစ် player အချို့ကို့ သင် အင်တာနက်ဝက်ဆိုက်တွင် ပေါင်းစပ်ထည်သွင်းသည့်အကြောင်းကို ဤအခန်းတွင်ရှင်းပြသောအခါ ပုံများနှင့် ပါထည့်သွင်း ဖော်ပြထားပါသည်။


Sublime HTML5 ဗွီဒီယို player က Twitter နှင့် Facebook များတွင် လွယ်လင့်တကူ ကူးယူဖော်ပြနိုင်ရန် ပြုလုပ်ပေးထားပါသည်။



(Kaltura ဗွီဒီယို player ကလည်း ဗွီဒီယိုများကို လွယ်လင့်တကူ ကူးယူဖော်ပြနိုင်ရန် ပြုလုပ်ထားသည်။)

 

MediaElement.js ကတော့ စာတန်းထိုးများနှင့် ပုံစံများလွယ်လင့်တကူပြောင်းလဲနိုင်သည်။

HTML5 တွင်ထည့်သွင်းတဲ့ Video တွေနဲ့ ပါတ်သက် အသောကျဉ်းချုပ်

HTML5 သည် web နည်းပညာ အပေါ်တွင် အပြန်အလှန်သက်ရောက်မှုရှိသော နည်းပညာများကိုလက်ခံ နိုင်သောဖြစ်စဉ်တစ်ခုဖြစ်သည်။ ယခု အခါ အင်တာနက် browsers များသည် video များကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံနိုင်ခြင်း၊ ဗွီဒီုယို open format မျာuးdk အလွယ်တကူ အောက်တွင်ပေးထားသော Code ကဲ့သို့ ပေါင်းထည့်နိုင်ခြင်းများပြုလုပ်နိုင်သည်။

<video src="myvideo.mp4" width="320" height="240"></video>
 
မည်သည့် browser များသည် ကွဲပြားခြားနားသော ဗွီဒီယို format များကို လက်ခံအသုံးပြုနိုင်သည်ကို အောက်ပါဇယားတွင် ဖော်ပြထားသည်။
 
Web Browser        Ogg WebM Mp4
Chrome Yes Yes Yes
Firefox Yes Yes No
Safari No No Yes
Opera Yes Yes No

Browser တိုင်းသည် သင်ချိတ်ဆက်သော ဗွီဒီယို format များကို ပြသရန် မဖြစ်နိုင်သဖြင်ည ကျွန်ုတို့

အနေဖြင့်အကြံပြုလိုသည်မှာ အခြေနေပေါ်မသတည်ပြီး ပိုမိုသင့်လျှော်သော ဗွီဒီယို player များကို အသုံးပြုသင့်သည်။

မည်သည့်ဗွီဒီယို player လဲ  -   ဗွီဒီယို player တစ်ခုကို ရွေးချယ်ရာတွင် မည်သည့် ဗွီဒီယို player ကို ရွေးချယ်မည်ဆိုသော အချက် နှင့် ပါတ်သက်ပြီး ကျနော်တို့ ရွေးချယ်မှုကို လွှမ်းမိုးနိုင်သော အချက် များစွာ၇ှိသည် ။ အရေးကြီးသော အချက်မှာ ကျွန်ုပ်တို့ အနေနှင့် ဗွီဒီယိုကို ဖွင့်ရာတွင် Devices ဘယ်လောက်များများကိုဖွင့်နိုင်သည် ဟူသော အချက်ကို ဖြစ်သည်။
ကျွန်ုပ်တို့ အနေနှင့် မည်သည့် player နှင့် မည်သည် browser သည် မည်သည့် format များအတွက် အလုပ်လုပ်သည်ဟူသည့် နည်းပညာ အသေးစိတ်ကို သိရပါလိမ့်မည်။

မည်သည့် format ကို ရွေးသင့်သလဲ -   H264(mp4) vsWebM  - ကျွန်ုပ်တို့ အနေဖြင့် WebM ကဲ့သို့သော open format များကို အခမဲ့ သုံးစွဲနိုင်လျှင်တောင်မှ   အမျိုးမျိုးသော operating systems များနှင့် browser အပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိရန် ၊ အသုံးပြုသူများ ထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရန် h264 ကဲ့သို့ သော Format များကို ပိုမို အသုံးပြုရန်ရွေးချယ်သင့်သည်။

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.