FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

ကိုယ်ပိုင် Hosting (သို့မဟုတ်) ဗွီဒီယို ၀န်ဆောင်မှု

ဗွီဒီယိုဝန်ဆောင်မှုများကို အသုံးပြုခြင်းနှင့် သင့်ရဲ့ ကိုယ်ပိုင် ဗွီဒီယိုအတွက် ကိုယ်ပိုင် hosting အသုံးပြုခြင်းတွင် ဘာခြားနားမှုများရှိပါသလဲ။

YouTube၊ Daily Mition (သို့) Vimeo ကဲ့သို့သော ဗွီဒီယို ၀န်ဆောင်မှုပေးသော ၀က်ဆိုက်များတွင် သင်၏ ဗွီဒီယိုဖိုင်များကို သွားရောက်တင်ထားနိုင်သော ၀န်ဆောင်မှုများပါဝင်သည်။ သင်၏ ဗွီဒီယိုကို ကြည့်ရှုလိုသူသည် ထိုဝန်ဆောင်မှု ပေးသော ၀က်ဆိုက်များတွင် သွားရောက်ကြည့်ရှုပါလိမ့်မည်။ ကိုယ်ပိုင် hosting တွင် ပုံမှန်အားဖြင့် သင်၏ ဗွီဒီယိုများကို သင်၏ကိုယ်ပိုင်ဝက်ဆိုက် (သို့) သင်ငှာရမ်းအသုံးပြုသော webspace များပေါ်တွင် တင်ထားခြင်းကို ဆိုလိုသည်။ 

ကိုယ်ပိုင် ဗွီဒီယို Hosting ၏ ကောင်းကျိုးများ

YouTube အသုံးပြုခြင်းကို ကိုယ်ပိုင် hosting ဖြင့် နှိုင်ယှည်ကြည့်ကြပါစို့။
အချိန်အကန့်သတ်မရှိခြင်း    -     သင့်ကို အချိန် ၁၅ မိနစ်သာ ကန့်သတ်သည်ဆိုသည့် ကန့်သတ်ခြင်းမျိုးမရှိပါ။
ဖယ်ရှားခြင်း မရှိ        -    Youtube ကသင့်ဗွီဒီယိုတစ်ခုကို ဖယ်ရှားခြင်းကိ အလျင်းသင့်သလို လုပ်နိုင်ပြီး ဒါကို နောက်ပြန်လှည့်ဖို့ခက်ခဲ့ပါတယ်။ ကိုယ်ပိုင်ဗွီဒီယိုများကို ကိုယ်ပိုင် hosting တွင်ထားခြင်းအားဖြင့် သင့်ရဲ့ ဗွီဒီယိုများကို အွန်လိုင်းတွင် သိမ်းထားနိုင်ပြီး မည်သည့်ဥပဒေရေးရာအချက်ကိစ္စများကိုမဆို တိုက်ရိုက် ကိုင်တွယ် ဖြေရှင်းနိုင်သည်။
ပိတ်ဆို့မှု လျော့နည်းခြင်း    -    ကုမ္ပဏီများစွာနှင့် အချို့တိုင်းပြည်များသည် YouTube ဗွီဒီယိုများ ကို ပိတ်ထားကြပါသည်။ သင့်အနေနှင့် ကိုယ်ပိုင် Hosting အသုံးပြုခြင်းဖြင့် ယင်းပိတ်ဆို့ မှု အလွှာကို ရှောင်းရှားနိုင်ပါသည်။
ကြော်ငြာများ မပါဝင်ခြင်း    -    YouTube တွင် ဗွီဒီယိုမလာခင်ကြော်ငြာများဖော်ပြခြင်း၊ overlay ကြော်ငြာ ၊ Banner ကြော်ငြာများနှင့် ဆက်စပ်ဗွီဒီယို ကြော်ငြာများ စသဖြင့် ကြောင်ငြာများစွာ ထည့်သွင်းလေ့ရှိသည်။ ကိုယ်ပိုင် hosting ကို အသုံးပြုခြင်းဖြင့် သင့်ပေးလိုသော မက်ဆေ့ကို အနှောက်ယှက်ဖြစ်စေသော ယင်းအခြေအနေများကို ရှောင်ရှားနိုင်သည်။
ပုံရိပ်နှင့် ဒီဇိုင်းကို ရွေးခြယ်နိုင်ခြင်း    -    ကိုယ်ပိုင် hosting ကို အသုံးပြုခြင်းအားဖြင့် သင့်အနေနှင့် ဗွီဒီယိုတွင် ပြသလိုသော ပုံစံများကို နှစ်သက်သလို ပြောင်းလဲပြင်ဆင်နိုင်သည်။ 

 


(Vodo.net က ကြည့်ရှု့သူများမှ ဗွီဒီယိုရိုက်ကူးသူများအား လွယ်လင့်တကူ ငွေကြေးလှူဒါန်းနိုင်အောင် ပြုလုပ်ပေးထားသည်)
 

ဆက်စပ်ဗွီဒီယိုများကို ပြသခြင်း    -    သင့်ဗွီဒီယိုနှင့် အခြားသော ဆက်စပ်ဗွီဒီယိုများနှင့် အခြားဆက်စပ်သောသတင်းများကို လွတ်လပ်စွာ ဖော်ပြနိုင်သော ကောင်းကျိုးများကို ရရှိသည်။ သင့်အနေနှင့် သင့်အင်တာနက်စာမျက်နှာတွင် စာသားများ၊ အသံဖိုင်းများ၊ ကန်ပိန်းနှင့်ဆက်စပ်သော သတင်း အချက်အလက်များကို ပါ နှစ်သက်သလို ထည့်သွင်းဖော်ပြနိုင်သည်။ 



(pad.ma ဗွီဒီယိုဆိုက်ကတော့ ဗွီဒီယိုများကို ခေါင်းစဉ်အလိုက်၊ နယ်ပယ်အလိုက် ခွဲခြားပေးနိုင်မှု စနစ်ကောင်းသောကြောင့် ဗွီဒီယို မှတ်တမ်းများပြုလုပ်ရာတွင် အတော်လေး အသုံးဝင်ပါသည်)

Account ကို ပိတ်မပစ်နိုင်ခြင်        - YouTube အနေနှင့် အကောင့်ကို ပိတ်ပစ်ခြင်း ဆိုင်ငံ့ထားခြင်းကို အချိန် မရွေးပြုလုပ်နိုင်ခြင်းနှင့် ယင်းဆုံးဖြတ်ချက်များနှင့် ပါတ်သက်၍ ပြန်လည် အငြင်းပွားနိုင်သော သုံးစွဲသူဝန်ဆောင်မှု များကိုပါ ကန့်သတ်ထားခဲ့ပါသည်။
အဖွဲ့ဝင် (သို့) အကန့်သတ်ဖြင့်သာ ကြည့်ရှုခွင့်ပေးခြင်း  -   သင့်အနေနှင့် ဗွီဒီယိုတွေ ပြသခြင်းကို ကန့်သတ် ထိန်းချုပ်လိုသော အကြောင်းရှိနိုင်ပါသည်။ ကိုယ်ပိုင်hosting ကို အသုံးပြုခြင်းဖြင့် YouTube နှင့် အလားတူ ၀န်ဆောင်မှုများမှ ပေးထားသော ကန့်သတ်ထိန်းချုပ်မှုများထက်ပိုမို ပြုပြင်ပြောင်းလဲနိုင်သော လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်ပါလိမ့်မည်။
ကိုယ်ပိုင် hosting အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့် အတားအဆီးများ

Bandwidth ကုန်ကျစရိတ်နှင့် ကန့်သတ်မှု    -     YouTube နှင့် အလားတူ ၀န်ဆောင်မှုများတွင် ငွေပေးချေရန် မလိုဘဲ ယင်းဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်ပြီး သင်၏ ဗွီဒီယိုသည် အလွန်လူကြိုက်များနေလျှင်တောင်မှ ပေးဆောင်ရန်လိုမည်မဟုတ်ပါ။ သင့်အနေနှင့် ကိုယ်ပိုင် hosting သုံးစွဲမည်ဆိုပါက Bandwidth (အချက်အလက်များ ကူးပြောင်းရန်) အတွက် ငွေပေးချေရမည်ဖြစ်သည်။
ဗွီဒီယိုကြည့်ရှုမည့် ပရိတ်သတ်အနေနှင့် ရှာဖွေနိုင်စွမ်း - အချက်အလက်ရှာဖွေသော ၀က်ဆိုက်ကောင်းတစ်ခု အပေါ်မှာ သင့်ရဲ့ ဗွီဒီယိုကို ကြည့်ရှုသူများ ရှာဖွေနိုင်အောင် ဆောင်ရွက်နိုင်သည်။ သို့သော် YouTube သည် ဒုတိယ အကျော်ကြားဆုံးသော အင်တာနက် search engine တစ်ခု ဖြစ်သည်ဆိုသည်ကို သတိတရ ရှိရန် လိုအပ်သည်။
ဗွီဒီယိုများကို အမျိုးစုံ Encoding လုပ်ခြင်း - သင့် အနေနှင့် သင့် ဗွီဒီယိုကို Devices အမျိုးမျိုးတွင်သုံးစွဲနိုင်ရန် နှင့်  အမျိုးမျိုးသော အင်တာနက်ကော်နက်ရှင်များတွင် သုံးစွဲနိုင်နိုင် ကွဲပြားသော အရည်သွေးအမျိုးမျိုး format အမျိုးမျိုး ပြုလုပ်ပေးခြင်း

  


Youtube  ပေါ်တွင် Playlist များစီကြည့်ခြင်း

Limited Embedding Options – YouTube အနေနှင့် blog များနှင့် social Media များတွင် Video များထည့်သွင်းရာတွင် အသုံးပြုသူများ အလွယ်တစ်ကူ အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားပြီးဖြစ်ပါသည်။ သင့်အနေနှင့် ကိုယ်ပိုင် hosting ကို အသုံးပြုမည်ဆိုပါက လည်းကောင်းတို့ကို ပါ ပြင်ဆင်မှုများပြုလုပ်ရပါမည်။ 

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.