FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

Plumi အင်္ဂါရပ်များ

Plumi ၏ သုံးစွဲသူလမ်းညွှန်မှ အဓိက သွင်ပြင် ၃ မျိုးနှင့် Plumi ၏ဗီဒီယိုစာရင်းများ၊ အဖွဲ့အစည်းနှင့် တိုးတက်မှုအင်္ဂါရပ်များကို ကြည့်ရှုကြပါမည်။ 

ရှေ့စာမျက်နှာ

Plumi ၏ ရှေ့စာမျက်နှာဖြစ်ပါသည်။ လာရောက်ကြည့်သူများက နောက်ဆုံးတင်ထားသော ဗီဒီယိုများကို (upload တင်ထားသော အချိန်အပိုင်းအခြားများနှင့်အတူ) ရှာဖွေကြည့်နိုင်သည်ကိုတွေ့ရပါမည်။ ရှေ့စာမျက်နှာတွင် featured ဗီဒီယိုများကိုကြည့်ခြင်း၊ ဗီဒီယိုများ၊ သတင်းနှင့် အဖြစ်အပျက်များကို ထုတ်လုပ်ဖြန့်ဝေခြင်း၊ ဗီဒီယိုများတွင် မှတ်ချက်များပေးခြင်း၊ ဒေါင်းလုဒ်ချခြင်း နှင့် ဗီဒီယိုများကို လူမှုကွန်ယက်ဆိုက်များတွင် ဝေမျှခြင်းများ ပြုလုပ်နိုင်ပါသည်။

ထုတ်လုပ်ဖြန့်ဝေခြင်းပုံစံ

ထုတ်လုပ်ဖြန့်ဝေရာစာမျက်နှာတွင် upload တင်ရန် ဗီဒီယိုကို ဆွဲထည့်နိုင်ပြီး၊ ဆိုင်ရာအချက်အလက်များထည့်ခြင်း၊ မိမိစိတ်ကြိုက်နမူနာကြည့်ရန်ပုံ တွဲထည့်ခြင်း (အလိုအလျောက်လည်း နမူနာကြည့်ရန်ပုံပေါ်လာတတ်ပါသည်)၊ မူပိုင်ခွင့်နှင့် ဖန်တီးမှုလိုင်စင်တွဲထည့်ခြင်း၊ ဗီဒီယိုကို ကဏ္ဍခွဲပေးခြင်းများကို upload တင်နေချိန်အတွင်းမှာပင် Ajax ဖောင်ကိုအသုံးပြုပြီး လုပ်နိုင်ပါသည်။ သုံးစွဲသူရွေးချယ်ရန် tab တွင် profile သို့သွားရန်လင့်ခ်၊ ဦးစားပေးရန်များ၊ သုံးစွဲသူ၏ အချက်အလက်များကို သိမ်းဆည်းထားသည့် folder နှင့် ကြည့်ရှုသူများနှင့် မန်နေဂျာများအတွက် စောင့်ကြည့်ရမည့် အကြောင်းအရာများအတွက် ပြန်လည်ကြည့်ရှုနိုင်သည့်စွမ်းရည်နှင့် ဆိုက်တည်ထောင်မှုအခန်းတွင် configure option များလည်းပါဝင်ပါသည်။

ဗီဒီယိုကြည့်ရှုသည့် စာမျက်နှာ

ဗီဒီယိုကြည့်ရှုသည့်စာမျက်နှာတွင် အသုံးပြုသူမှထည့်သွင်းထားသော ဆိုင်ရာအချက်အလက်များကို ကြည့်ရှုနိုင်ခြင်း၊ ဗီဒီယိုကိုလည်း (fullscreen၊ resolution အမြင့်ကော အနိမ့်နှင့်ပါ) ကြည့်ရှုနိုင်ခြင်း၊ ထည့်သွင်းထားသော မည်သည့်စာတန်းထိုးမဆို ကြည့်နိုင်ခြင်း၊ Amara ကိုသုံးပြီး မိမိကိုယ်ပိုင် စာတန်းထိုးထည့်သွင်းခြင်း၊ ဤဗီဒီယိုတင်သူတစ်ဦးထဲမှ တင်ထားသည့် အခြားဗီဒီယိုများ၏စာရင်းကိုလည်း ကြည့်နိုင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ မှတ်ချက်ပေးလိုပါက Log in လုပ်နိုင်ပါသည်။

လုပ်ဆောင်နိုင်သောစွမ်းရည်များစာရင်း

Plumi ၏ ကောင်းကျိုးများကို အဓိက ကဏ္ဍ ၃ ခုဖြင့် သိနိုင်ပါသည်။ ဗီဒီယိုစွမ်းဆောင်ရည်၊ အဖွဲ့အစည်းအင်္ဂါရပ်များနှင့် တိုးတက်မှု တို့ ဖြစ်ပါသည်။

ဗီဒီယိုစွမ်းဆောင်ရည်

MULTIPLE-FORMATS


မည်သည့် ဗီဒီယို format မဆိုတင်နိုင်သည်

Plumi သည် ဗီဒီယို code တော်တော်များများကို webm နှင့် mp4 သို့ ၀ဘ်နှင့် FTP မှတဆင့် ပြောင်းလဲပေးသည်။
 

missing-top


HTML5 ဗီဒီယို Player

ဗီဒီယိုများကို resolution အမြင့်/အနိမ့်၊ မျက်နှာပြင်အပြည့်ကြည့်နိုင်ပြီး၊ ဝေမျှနိုင်၊ embed နှင့် ဒေါင်းလုဒ်လုပ်နိုင်သည်။

 


Amara ကိုအသုံးပြု၍ စာတန်းထိုးခြင်း

စာတန်းထိုးဖြင့်ဗီဒီယိုကြည့်ခြင်း နှင့် Plumi တွင် ထည့်သွင်းထားသော Amara စနစ်ကိုအသုံးပြု၍ ကိုယ်ပိုင်စာတန်းထိုးများ လွယ်ကူစွာထည့်ခြင်း 

 

 

အဖွဲ့အစည်းအင်္ဂါရပ်များ

ဗီဒီယိုများကို ရှာဖွေကြည့်ခြင်း

အမျိုးအစားအလိုက်၊ ခေါင်းစဉ်အလိုက် နိုင်ငံအလိုက် သို့မဟုတ် အသင်းဝင်အလိုက် ခွဲခြားထားသော အသုံးပြုသူအဆင်ပြေစေသည့် ရှာဖွေမှုပုံစံရှိပါသည်။

moderation

စောင့်ကြည့်ခြင်း  

ဗီဒီယိုထုတ်လွှင့်မှုများ၊ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်ချက်များကို ထိန်းချုပ်ထားပါသည်။ အီးမေးလ်သို့ အကြောင်းကြားမှုရှိပါသည်။

discussion

ဆွေးနွေးမှုများ

မှတ်ချက်များ ချိတ်ဆက်ခြင်း၊ အဖွဲ့ဝင်များအတွက် feedback ပေးခြင်းနှင့် ၀က်ဆိုက်သို့ ဆက်သွယ်ရန်ပုံစံရှိပါသည်။

cc-148-2

ဖန်တီးမှုလိုင်စင်

သင့်ဗီဒီယိုကို မည်သည့်ပုံစံဖြင့်ဝေမျှချင်သည်ကို ရွေးချယ်နိုင်ပြီး လိုင်စင်လည်းတွဲနိုင်သည်။

advanced-search

အဆင့်မြင့်ရှာဖွေမှု

အကြောင်းအရာများကို live search လုပ်နိုင်ပြီး ရလဒ်များကိုလည်း စိစစ်ထားနိုင်သည်။

users-and-groups

သုံးစွဲသူများနှင့် အဖွဲ့များ

Plone ၏ ရှိနှင့်ပြီးသားအဖွဲ့ဝင်များ၏ လုပ်ဆောင်မှုများအပြင် တဦးစီ၏ ကိုယ်ရေးပုံစံကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်သည်။

တိုးတက်မှုများ


Plumi သည် FOSS ဖြစ်ပြီး Plone ၏ CMS စနစ်ပေါ်မူတည်၍ python ဖြင့်ရေးသားထားခြင်းဖြစ်သည်။ code များကို GPL ထိန်းချုပ်မှုဖြင့် ထုတ်လုပ်သည်။ 


 

installer-package


Installer Package - Plumi သည် package လိုက်တည်ဆောက်မှုဖြင့် လာခြင်းဖြစ်ပြီး Plumi ဆိုက်တစ်ခုတည်ဆောက်ရန် လိုအပ်သမျှအရာများဖြစ်သော Plone, the Plumi.app, Nginx, Supervisor, Varnish အပြင် အခြားအရာများအကုန်ပါဝင်သည်။ 

 

documented


မှတ်တမ်းထားခြင်း - Plumi ကို မည်သို့ထည့်သွင်းရမည်၊ ပြင်ဆင်ရမည်နှင့် Plumi ကို စိတ်ကြိုက်မည်သို့လုပ်ရမည် အစရှိသည်များအား Plumi လမ်းညွှန်တွင် တိုင်ပင်ကြည့်ရှုနိုင်သည်။

 

 

supported


ထောက်ပံ့ပေးမှု -  Plumi ကို သုံးစွဲခြင်းအတွက် မေးခွန်းများရှိလာပါက ဆွေးနွေးမှု list သို့ ပူးပေါင်းပါဝင်နိုင်ပါသည်။ Plumi အဖွဲ့အစည်းမှ မှန်ကန်သောလမ်းကြောင်းသို့ ညွှန်ပြပေးပါလိမ့်မည်။

 

 

 

 

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.