FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

အွန်လိုင်း ဗွီဒီယိုများကို နည်းလမ်းနှစ်မျိုးဖြင့်ပေါင်းစပ်ချဉ်းကပ်ခြင်း

အွန်လိုင်းဗွီဒီယိုများကို နည်းလမ်းနှစ်မျိုးဖြင့် ပေါင်းစပ်ချဉ်းကပ်ခြင်း ဆိုသည်မှာ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဝက်ဆိုက်များပေါ်တွင် ပြင်ပဗွီဒီယိုဝန်ဆောင်မှုများနှင့် ကိုယ်ပိုင် hosting ပေါ်တွင် တင်ထားသော ဗွီဒီယိုများကို ပေါင်းစပ်အသုံးပြုခြင်းကို ဆိုလိုသည်။

Embedding Video Players

အွန်လိုင်းဗွီဒီယိုများကို နည်းလမ်းနှစ်မျိုးဖြင့် ပေါင်းစပ်ချဉ်းကပ်ခြင်း ဆိုသည်မှာ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဝက်ဆိုက်များပေါ်တွင် ပြင်ပဗွီဒီယိုဝန်ဆောင်မှုများနှင့် ကိုယ်ပိုင် hosting ပေါ်တွင် တင်ထားသော ဗွီဒီယိုများကို ပေါင်းစပ်အသုံးပြုခြင်းကို ဆိုလိုသည်။



Vimeo ဆိုက်မှာ Embed လုပ်ထားသော ဗွီဒီယိုတစ်ခု

Upload Video to Both Your Website and a Sharing Service

When uploading your videos to your own site, you may want to upload to YouTube as a back up. This could allow you to 'swap out' popular videos to prevent your bandwidth costs from being too high.

အွန်လိုင်း ဗွီဒီယိုများကို နည်းလမ်းနှစ်မျိုးဖြင့်ပေါင်းစပ်ချဉ်းကပ်ခြင်း

ဗွီဒီယိုများကို မျှဝေရန် ၀န်ဆောင်မှုပေးသော ၀က်ဆိုက်နှင့် ကိုယ်ပိုင်ဝက်ဆိုက် နှစ်မျိုးလုံးပေါ်တွင် ဗွီဒီယို ဖိုင်များတင်ခြင်း
သင့်ဗွီဒီယိုများကို သင့် ကိုယ်ပိုင်ဝက်ဆိုက်တွင် တင်ချိန်တွင် သင့်အနေနှင့် YouTube ကဲ့သို့သော ၀က်ဆိုက်များပေါ်တွင် back up အနေနှင့် တင်ထားနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ကျော်ကြားသော ဗွီဒီယိုများကို လူများသွားရောက်ကြည့်ရှုရာတွင် bandwidth ကုန်ကျစရိတ်မြင့်မားမှုကို ကာကွယ်နိုင်သည်။

ဗွီဒီယိုဝန်ဆောင်မှုပေးသော ၀က်ဆိုက်မျိုးစုံတွင် ဗွီဒီယိုကို တင်ခြင်း    

သင့်အနေနှင့် ဗွီဒီယိုကို ကိုယ်ပိုင် webspace ပေါ်တွင်လည်း တင်ထားနိုင်ခြင်းမရှိသောအခါ၊ ဗွီဒီယို ၀န်ဆောင်မှု တစ်ခု ထဲကိုဘဲ မှီခိုအားထားရမှုမှ လျှော့ချလိုသော အခါ သင့်အနေနှင့် ဗွီဒီယိုဝန်ဆောင်မှု ပေးသော ၀က်ဆိုက်မျိုးစုံတွင် ဗွီဒီယိုကို

တင်ခြင်း၊ သိုမှီးသိမ်းဆည်းခြင်း ပြုလုပ်နိုင်သည်။ သင့်အနေနှင့် အချိန်လဲ ရမယ်ဆိုရင် အင်တာနက် ကော်နက်ရှင် ကောင်းလည်း ရှိမယ်ဆိုရင် ဗွီဒီယို ၀န်ဆောင်မှု နှစ်ခု သို့ မဟုတ် ထို့ ထက်ပိုပြီး ဗွီဒီယို ဖိုင်ကို မျှဝေပေးခြင်း ပြုလုပ်နိုင်ပါသည်။
ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ကွဲပြားခြားနား သော ၀က်ဆိုက်မျိုးစုံမှ ပရိတ်သတ် မျိုးစုံဆီသို့ သင့် ဗွီဒီယို ကို ရောက်ရှိနိုင်သော  ကျေးဇူးကို ခံစားရရှိနိုင်ပြီး သင့်ဗွီဒီယိုအွန်လိုင်ပေါ်တွင် တည်ရှိမှုကို ပိုမို သက်ရောက်မှု ရှိစေ နိုင်ပါသည်။ ၀န်ဆောင်မှု တစ်ခုမှ သင့်အကောင့်ကို ရပ်ဆိုင်းလိုက်လျှင်တောင်မှ သင့်အနေနှင့် ကြည့်ရှုသူများ ကို အခြား ဆိုက်တစ်ခုသို့ တိုက်ရိုက်ညွှန်းပေးနိုင်သည်။

သိုမှီးသိမ်းဆည်းနိုင်သော ၀န်ဆောင်မှုများကို အသုံးပြုခြင်း

အချို့သောသိုမှီးသိမ်းဆည်းနိုင်သော ၀န်ဆောင်မှုများကို ပေးသောဝက်ဆိုက်များတွင် ဗွီဒီယို ဖိုင်များကို တင်ထားရန်ခွင့်ပြုထားပါသည်။ ယင်းဝန်ဆောင်မှုများတွင် ကန်သတ်မှုအချို့ ရှိပေမယ့် ဗွီဒီယိုဖိုင်များကို တင်ရန် သင့်တင့်သော အနေအထားရှိပါသည်။  

အင်တာနက်ပေါ်တွင် သိုမှီးသိမ်းဆည်းခြင်း -  archive.orgကဲ့သို့သော website များတွင် သူတို့ ၀န်ဆောင်မှုများပါတ်သက်သော လိုင်စင် အချက်အလက်များ ပါရှိပါသည်။  ယင်းဝန်ဆောင်မှု ပေးသောဆိုက်များတွင် embeddable player များထည့်သွင်းပေးထားပါသည်။ သင့်အနေနှင့် ယင်းဆိုက်မှ ဗွီဒီယိုလင့်ကို ယူပြီး သင်၏ ၀က်ဆိုက်ပေါ်တွင် ထည့်သွင်းပါက လည်းကောင်း ဗွီဒီယိုဖိုင်များသည် ကိုယ်ပိုင် HTML5 players အဖြစ်ပေါ်လာမည်ဖြစ်သည်။

Archive.org မှ  Art and Music ကဏ္ဍ

WikiCommons : WikiCommons အနေဖြင့် WebM (သို့) OggTheora ဖောမက်များဖြင့် ဗွီဒီိယိုများကို 500 mb အထိတင်ရန်ခွင့်ပြုထားပါသည်။ WikiCommons သည် သင့်ဗွီဒီယိုများကို အင်တာနက်ပေါ်တွင် တင်ပြီး သိမ်းဆည်းရန်အတွက် Wikipedia ဖောင်ဒေးရှင်းမှ ပြုလုပ်ချိတ်ဆက်ပေးထားသော စနစ်တစ်ခုဖြစ်သည်။

Wiki Commons ဗွီဒီယို စာမျက်နှာ

သင့်၏ ကိုယ်ပိုင် Player တွင် YouTube Video များပြသခြင်း

သင့်အနေနှင့် အင်တာနက်ပေါ်တွင်တင်ခဲ့သော ဗွီဒီယိုများကို ကြားခံဖွင့်ပေးရန် player နှင့် အခြားဝက်ဆိုက်များ တွင် ထည့်သွင်းထားသော player များမှာ အတော်လေးကွဲပြားခြားနားနိုင်သည်။ သင့်ကိုယ်ပိုင် HTML5 players ဗွီဒီယိုဝန်ဆောင်မှုများမှာ ဗွီဒီယိုများကို ထည့်သွင်းပြသခြင်း ပြုလုပ်နိုင်သည်။

ကိုယ်ပိုင်တင်ထားသော ဝက်ဆိုက်တစ်ခုအတွင်းမှ HTML5 သုံးထားသော Player ဖြင့် Youtube ဗွီဒီယိုအား MediaElement.js player ဖြင့်ဖွင့်ပြထားပုံ

ယင်းအကြောင်းအရာနှင့် ပါတ်သက်သော အသေးစိတ်အချက်အလက်များကို ယခုလမ်းညွှန်စာအုပ်၏ အခြားအခန်းတွင်း အသေးစိတ်ရှင်းလင်းပြသပါမည်။ JW Player နှင့် MediaElement.js players ၏ စာမျက်နှာ များတွင် လည်း နမူနာများမြင်တွေ့နိုင်သည်။ 

ရင်းမြစ်အမျိုးမျိုးမှ ဗွီဒီယိုများ ပေါင်းစပ်ထည့်သွင်းခြင်း

သင့်အနေနှင့် ဗွီဒီယိုများကို ဖန်းတီးပြသလေ့ရှိသော အခြားအဖွဲ့စည်းများနှင့်ပူပေါင်းပြီး သင့်ဗွီဒီိယိုများကိုလဲ ပြသခြင်းများပြုလုပ်နိုင်သည်။


(Vision.tv project က လှုံ့ဆော်စည်းရုံးမှုနဲ့ပတ်သတ်တဲ့ ဗွီဒီယိုများကို Playlist ပြုလုပ်ပြီး အခြားသူများကိုလည်း ဒီ Playlist ကို လွယ်လင့်တကူ ကူးယူပြသနိုင်ရန် စီစဉ်ပေးထားသည်)

ဗွီဒီယိုများကို ပေါင်းစပ်ထည့်သွင်းခြင်း အကြောင်းကို လမ်းညွန်စာအုပ်၏ အခြား အခန်းတွင် ပါဝင်ပါမည်။

နည်းလမ်းနှစ်မျိုးဖြင့် ပေါင်းစပ်ထည့်သွင်းရာတွင် အမှတ်မထင်ဖြစ်ပေါ်လာနိုင်သော အန္တရယ်များ

Interfaces များပြောင်းလဲခြင်း   -    YouTube အနေနှင့် သူ၏ Interface ကို မကြာခဏ ပြောင်းလဲ တက်ပါသည်။

ဗွီဒီယိုများ သိုမှီးသိမ်းဆည်းထားရန် စိတ်မချရခြင်း -  သင့်အနေနှင့် သင့်ဗွီဒီယိုများကို အွန်လိုင်းပေါ်တွင် သိမ်းဆည်းရန် မျှဝေရန်အတွက် အခမဲ့ဝန်ဆောင်မှုပေးသော ၀က်ဆိုက်များကို အသုံးပြုခြင်းသည် စိတ်ချရသော အခြေအနေ မိမိနှစ်သက်သလို ဖန်တီးနိုင်သေ အခြေအနေများရမည် မဟုတ်ပေ။

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.