FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

Drupal တွင် ဗီဒီယိုအတွက် ရောနှောနည်းလမ်းများ

ဤသင်ခန်းစာတွင် ကောင်းစွာထောက်ပံ့ပေးနိုင်သော module များကိုသုံး၍ ဗီဒီယိုများအတွက် နည်းလမ်းကို ၂ မျိုးသာပြောပါမည်။ အထူးသဖြင့် လင့်ခ်ကိုသုံးပြီး ပြင်ပမှ ဗီဒီယိုဖိုင်များကို player အတွင်း ပူးပေါင်းထည့်သွင်းခြင်းနှင့် media ကိုသုံးပြီး upload တင်ထားသော ဗီဒီယိုဖိုင်များနှင့် ပြင်ပမှဝန်ဆောင်မှုများအား ပေါင်းစည်းလိုက်သည့်နည်းဖြစ်ပါသည်။ 

လက်တွေ့: ပြင်ပဗီဒီယိုဖိုင်များကို ပူးပေါင်းထည့်သွင်းခြင်း

စတင်ရန်အတွက် Link module ကိုထည့်သွင်းလိုက်ပါ။

link field ကို content type အဖြစ်ထည့်သွင်းပြီး Video Link ဟုအမည်ပေးပါ။  

 

ထို့နောက် Manage Display ကဏ္ဍမှ content အမျိုးအစားတွင် media element ဗီဒီယိုအဖြစ်အသုံးပြုရန် Link field ကို သတ်မှတ်ပေးပါ။

Save လုပ်ပါ။

Archive.org ကဲ့သို့သော ပြင်ပတွင်ဖိုင်များ လက်ခံသိမ်းဆည်းပေးသော ၀န်ဆောင်မှုပေးသည့်နေရာမှ URL ကို paste လုပ်ကြည့်ခြင်းဖြင့် သတ်မှတ်မှုကို စမ်းသပ်ကြည့်ပါ. 

ဤပုံအတိုင်းမြင်ရလျှင် ပြင်ပမှ ဗီဒီယိုဖိုင်များကို ထုတ်လွှင့်ပေးနိုင်သည့် player တစ်ခု အောင်မြင်စွာဖန်တီးနိုင်ပြီဟု သိနိုင်ပါသည်။

လက်တွေ့: ၀န်ဆောင်မှုများနှင့် upload တင်ထားသော ဗီဒီယို ၂ မျိုးစလုံးကို ပြသခြင်း

အသုံးပြုနိုင်ရန် ပုံမှန်အတိုင်း Media module ကိုထည့်သွင်း၍ enable လုပ်ပါ။ ထို့နောက် helper modules extending media ကိုထည့်ပါ။ စမ်းသပ်ရန်အတွက် media_youtube နှင့် media_vimeo ဟုရိုက်ကြည့်ပြီး စမ်းနိုင်သော်လည်း အခြားဟာများလည်း အများကြီး စမ်းနိုင်ပါသည်။

Content အမျိုးအစားတွင် File Field ထည့်သွင်း၍ widget အမျိုးအစားတွင် Media File Selector ကိုရွေးပါ။ 

Upload တင်ထားသော ဗီဒီယိုများအတွက် ခွင့်ပြုနိုင်သည့် Configure ဖိုင်အမျိုးအစားများ၊ Allowed remote media type အတွက် ဗီဒီယိုကိုရွေးချယ်ပါ။ Youtube နှင့် Vimeo ကိုရွေးပါ။ အခြားသော အသေးစိတ်အချက်အလက်များဖြစ်သည့် အကြီးဆုံးဖိုင်ဆိုဒ် စသည်တို့ကို ရိုက်ထည့်ပါ။ 

ဗီဒီယို အကြောင်းအရာကို ထည့်သွင်းလိုက်ပြီဆိုလျှင် Select Media ခလုတ်ကို မြင်ရပါမည်။

ဗီဒီယိုအသစ်များကို upload တင်နိုင်သည့် အသုံးပြုရလွယ်သော စကားပြောကွက်များရလာပါလိမ့်မည်။ ဗီဒီယိုဝန်ဆောင်မှုပေးသော နေရာများမှ URL သို့မဟုတ် Embed code များကို ရိုက်ထည့်ပါ သို့မဟုတ် media library တွင်ရှိပြီးသား ဗီဒီယိုကို ရွေးချယ်လိုက်ပါ။

Upload သို့မဟုတ် ၀ဘ်လင့်ခ်ကို ရွေးပါ။

ဗီဒီယိုကို ပြသရန် File Field ထဲမှ Manage Display ထဲတွင် မတူကွဲပြားသော ရွေးချယ်စရာများကို ရွေးချယ်ပေးရပါလိမ့်မည်။

Youtube နှင့် Vimeo တို့ကဲ့သို့ ၀န်ဆောင်မှုများထံမှ ရသော ဗီဒီယိုများအတွက် Rendered File ကိုရွေးပါ။

သို့သော်လည်း upload တင်ထားသော ဗီဒီယိုများအတွက် MediaElement ကိုရွေးပေးရပါမည်။


There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.