FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

Drupal တွင် ဗီဒီယို aggregate လုပ်ခြင်း

လမ်းညွှန်၏ အခြားနေရာတွင် ဗီဒီယိုများကို တစ်နေရာထဲတွင်စုစည်း တင်ပြခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြတွေ့ကြုံခဲ့ပြီးပါပြီ။ Drupal တွင်မည်သို့လုပ်မည်ကို ဆက်လက်ကြည့်ရှုကြပါစို့။ လက်တွေ့သင်ခန်းစာတွင် Drupal content node များထဲသို့ RSS feed ထဲမှ ဗီဒီယိုများကို မည်သို့ထည့်သွင်းလိုက်သည်ကို လုပ်ဆောင်ပြသါားပါမည်။

လက်တွေ့: RSS feed များကို စုစည်းရန် Feed module ကိုအသုံးပြုခြင်း

အောက်ပါတို့ကို ပုံမှန်နည်းလမ်းအတိုင်း ထည့်သွင်းကျာ enable လုပ်ပေးပါ။ media, media_youtube, media_element,  feeds, media_feeds, media_internet_sources (media ၏ အစိတ်အပိုင်း), feeds admin (feeds အစိတ်အပိုင်း)။ Simple pie library ကိုလည်း ထည့်သွင်းသင့်ပြီး ထို note များမည်သို့ အလုပ်လုပ်သည်ကို ကြည့်ရပါမည်။

ယခင်သင်ခန်းစာများကဲ့သို့ပင် သင့်ဗီဒီယိုအတွက် content အမျိုးအစား သတ်မှတ်ပေးပါ။ ဒီနေရာမှာတော့ ထည့်သွင်းထားသောဗီဒီယို ဟု ခေါ်သည့် ကိစ္စသစ်ဖြစ်ပါသည်။

File field ကို မီဒီယာဖိုင်ရွေးချယ်ရန် ကိရိယာအဖြစ်အသုံးပြုပါ။

Manage Display အောက်တွင် အမျိုးအစားကို MediaElement Video ဟုထားပေးပါ။
နည်းပညာမှတ်ချက်: အကယ်၍ သင်သည် Youtube မဟုတ်သည့် ဗီဒီယိုများကို ထည့်သွင်းမည်ဆိုပါလျှင် MediaElement ဖြင့် အလုပ်လုပ်ချင်မှ လုပ်မည်ဖြစ်သဖြင့် Rendered file သို့မဟုတ် OEmbed method များကိုရွေးချယ်ဖို့ လိုကောင်းလိုပါမည်။

Importer ထည့်ခြင်း


Feed importer ကို ထည့်သွင်း၍ configure လုပ်ခြင်းသည် RSS feed များမှ အချက်အလက်များအား ကျွန်ုပ်တို့၏ ၀ဘ်ဆိုက်မှ လက်ခံစေရန်နည်းလမ်းတစ်ခု ဖြစ်ပါသည်။ မတူကွဲပြားသော feed များအတွက် မတူကွဲပြားသော configuration များသတ်မှတ်ရန် ခွင့်ပြုပေးပါသည်။

Structure > Feed Importers > Add Importer ကိုရွေးပါ။

သင့်တော်သော နာမည်နှင့် ဖော်ပြမှုတချို့ ထည့်သွင်းပါ။  

Complete Basic Settings. Make sure Attach to Content Type is set to Stand alone form.

Under Parser click Change and set to Simple Pie.  

အခြေခံသတ်မှတ်မှုများပြီးပါပြီ။ content အမျိုးအစားတွင် Stand alone form ကို တွဲမိပါစေ။

Parser အောက်တွင် Change ကို နှိပ်လိုက်ပြီး Simple Pie ဟု သတ်မှတ်လိုက်ပါ။

Processor ကို Node Processor ဟု ထားမိပါစေ။ 

Processor ကို Node Processor ဟု ထားမိပါစေ။

Node Processor settings တွင် သင်၏ Imported Video. နာမည်ထားပါ။

Text Format ကို Filtered HTML.ထားပါ.

ဖန်သားပြင်၏ဘယ်ဘက်ရှိ processor setting အောက်ရှိ Mapping လင့်ခ်ကို နှိပ်ပါ။

Mapping သတ်မှတ်မှုများ စတင်ထည့်သွင်းပါ။ သင်၏ မူလရင်းမြစ်နေရာများပေါ်မူတည်၍ ကွဲပြားမှုများရှိပါမည်။ ဖြစ်နိုင်ခြေရှိသော mapping ၂ ခုဖြစ်သည့် YouTube feed နှင့် standard podcast RSS feed များကို ဖတ်ပါ။ 

 

YouTube Feed ကို Map လုပ်ခြင်း
Mapping ကဏ္ဍတွင် အောက်ပါအတိုင်းဖြည့်ပါ။
 

Enclosures (Podcast) ရှိသော RSS feed ကို Map လုပ်ခြင်း


Wordpress feed များကို မီဒီယာဖိုင်များနှင့် ချိတ်ဆက်ထားသော podcast နမူနာအဖြစ် ထည့်သွင်းကြည့်နိုင်ပါပြီ။

ထိုသို့ပြုလုပ်ရန်အတွက် အခြားသော importer ကိုဖန်တီးရန်လိုပြီး အပေါ်ကပြောထားခဲ့သော လုပ်ငန်းဆောင်တာများအတိုင်းလုပ်ရပါမည်။ သို့သော် map Enclosures အစား Imported Video File ကိုထည့်သွင်းပါမည်။

Video item များထည့်သွင်းခြင်း

မီဒီယာပစ္စည်းများထည့်သွင်းရန်အတွက် basic setting ကိုပြန်သွားပြီး stand alone import စာမျက်နှာအတွက် လင့်ခ်ကို နှိပ်လိုက်ပါ။

Importer ၂ ခုကိုတွေ့ရပါမည်။

တစ်ခုကိုနှိပ်လိုက်ပါ။ RSS feed ကိုရိုက်သွင်းပြီး Import ကိုနှိပ်လိုက်ပါ။

သင်ထည့်သွင်းထားသော ဗီဒီယိုများကို စမ်းသပ်စစ်ဆေးရာတွင် HTML player များနှင့် ပွင့်ရပါမည်။

YouTube Feed များရှာခြင်း


ယူကျုဗီဒီယိုများအတွက် RSS feed များ မည်သည့်နေရာတွင်ရှာရမည်ကို မသိပါက နည်းလမ်းအကူညီကောင်းများ ရှိပါသည်။

ကြည့်ရှုသူများထံမှ feed: https://gdata.youtube.com/feeds/api/users/undercurrentspaulo/uploads
tag အလိုက်ထားသည့် feed : feed://www.youtube.com/rss/tag/madonna.rss
ကဏ္ဍများနှင့် ကဏ္ဍခွဲများအလိုက်ထားသည့် feed: http://gdata.youtube.com/feeds/videos/-/Music/madonna

အသေးစိတ် အကူညီများလည်း ဒီမှာ ရှိပါသည်။

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.