FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

Wordpress တွင် ဗီဒီယို Aggregate ပြုလုပ်ခြင်း

မူလက WordPress ကို ဘလော့ရေးရန် အခြေခံအုတ်မြစ်တစ်ခုအဖြစ် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင်ပို၍ အဆင်ပြေလွယ်ကူသော စနစ်အဖြစ်တိုးတက်လာပြီး သူ၏မူလရည်ရွယ်ချက်ဖြစ်သော စာရေးသူတစ်ဦးထဲမှ နေ့အလိုက် စီစဉ်ပြီး ရေးသည့် ဘလော့ထက်ပိုသော ကိစ္စရပ်များအတွက် အသုံးပြုလာခဲ့ကြသည်။ ပိုမိုရှုပ်ထွေးသည့် လုပ်ငန်းဆောင်တာများဖြစ်သော အဖွဲ့လိုက်ပူးပေါင်းရေးသားသည့်စနစ်နှင့် community portal များ ဖြစ်လာချိန်တွင် တခြားသော ပိုအဆင်ပြေလွယ်ကူသည့် စနစ်များလည်း ရှိလာခဲ့သည်။

တခြား သင်ခန်းစာတစ်ခုတွင် ဗီဒီယို အကြောင်းအရာများအမြောက်အမြားကို aggregate လုပ်ရန်အတွက် Drupal CMS အားအသုံးပြုပုံကို လမ်းညွှန်ပြခဲ့ပြီးပါပြီ။ သို့သော် wordpress ကိုအသုံးပြုပြီး ဗီဒီယိုအကြောင်းအရာများ၏ ရိုးရှင်းသော aggregate လုပ်ခြင်းများနှင့် presentation များကို ပြုလုပ်ချင်လျှင် WP RSS Multi Importer plugin ကို အသုံးပြု၍ ရနိုင်ပါသည်။  

လက်တွေ့ - WP RSS Multi Importer ကိုအသုံးပြုခြင်း

Plugin ကို ပုံမှန်လုပ်နေကျအတိုင်း ထည့်သွင်းပြီး activate လုပ်လိုက်ပါ။

RSS MultiImpoter ၏ setting စာမျက်နှာသို့သွားပါ။

Categories ဆိုသည့်နေရာကို နှိပ်ပါ။

မည်သည့် အကြောင်းအရာကို ဖန်တီးမည်ဆိုသည်ကို ဆုံးဖြတ်ပါ။ ဤနမူနာမှာတော့ Climate နှင့် Myanmar ဟူ၍ ၂ ခုဖန်တီးလိုက်ပါမည်။

ရည်ရွယ်ချက်ကတော့ ၀ဘ်ဆိုက်ပေါ်မှာ Climate နှင့် Myanmar အကြောင်းနှင့်သက်ဆိုင်သမျှ အရင်းမြစ်နေရာစုံကဗီဒီယိုတွေကို စာမျက်နှာ ၂ မျက်နှာဖြင့် ဖော်ပြထားနိုင်ဖို့ပဲ ဖြစ်ပါသည်။  

Feed ထည့်ဖို့အတွက် RSS Importer settings စာမျက်နှာမှ Feeds tab ကိုနှိပ်လိုက်ပါ။

Feed ထည့်သွင်း၍ ကဏ္ဍအလိုက်ခွဲခြားသတ်မှတ်ပြီးနောက် ကဏ္ဍအလိုက် စာရင်းများလုပ်ထားသော code အတိုလေးများကို အသုံးပြုပြီး ထည့်သွင်းထားသော ဗီဒီယိုများအတွက် စာမျက်နှာကိုဖန်တီးနိုင်ပါသည်။

Post တစ်ခုစီ သို့မဟုတ် စာမျက်နှာတွင် သက်ဆိုင်ရာ code အတိုလေးများကို ကူးယူ၍ ပြန်လည် paste လုပ်ရပါမည်။

 

Publish ကိုနှိပ်ပြီး သင့် စာမျက်နှာကို နမူနာကြည့်လိုက်ပါ။

ဗီဒီယိုစာရင်းများကို သင့်တော်ရာကဏ္ဍများအလိုက် မတူသော feed များ ယူထားသည့်အတိုင်း မြင်ရပါလိမ့်မည်။ 

ဤစာမျက်နှာများ/ postများကို သင့်ဝဘ်ဆိုက်၏ menu တွင်ထည့်ကာ လာရောက်ဖတ်ရှုသူများ အလွယ်တကူရှာဖွေနိုင်ရန် ပြုလုပ်ထားနိုင်ပါသည်။

WP RSS Multi Importer အတွက် အခြားရွေးချယ်စရာများ

ဤ plugin အတွက် ရွေးချယ်စရာများစွာ များစွာ ရှိပါသေးတယ်။ အောက်ပါစနစ်များထဲမှ တချို့ကို စမ်းသပ်ကြည့်နိုင်ပါတယ်။
Number of post per page: သင့် category စာမျက်နှာများတွင် ဗီဒီယိုပို့စ်မည်မျှလောက် ပေါ်နေမည်ကို ထိန်းချုပ်နိုင်ရန် ဒီ setting ဖြင့် ပြုလုပ်နိုင်ပါသည်။

Change the layout: သင့်ပို့စ်တွေ ဘယ်လိုပုံစံပေါ်နေမလဲဆိုတာအတွက် template များစွာရှိပါသည်။ short code parameter ရွေးချယ်မှုဖြင့် မြင်နေရသည့်ပုံစံကိုလည်း ပြောင်းနိုင်ပါသည်။

Feeds to posts: ဤ setting က feed တစ်ခုစီတိုင်းကို ပို့စ်အဖြစ်ပြောင်းပေးပါသည်။ ၀င်လာသမျှသော ဗီဒီယိုများကို ပြသရာတွင် ပိုမို အဆင်ပြေသောပုံစံဖြစ်ပါသည်။

 

    There has been error in communication with Booktype server. Not sure right now where is the problem.

    You should refresh this page.