FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

K9 My

စတင်အသုံးပြုခြင်း

ကေ-၉ ကိုစတင်အသုံးပြုလျင် အဓိက လုပ်ဆောင်ရမည်အရာနှစ်ခုရှိသည်။ ပထမဆုံးအနေဖြင့် မိမိဖုန်း (သို့) သင်ပုန်းကွန်ပျူတာတွင် ကေ-၉ ကို ထည့်သွင်းရမည်ဖြစ်ပြီး၊ ထို့နောက်တွင် အီးမေးလ် အကောင့်တစ်ခု သို့မဟုတ် တစ်ခုထပ်ပို၍ အသုံးပြုနိုင်ရန် ကေ-၉ ကို လိုအပ်သလိုပြင်ဆင်ခြင်း (configuration) လုပ်ပေးရမည်ဖြစ်သည်

ကေ-၉ အားထည့်သွင်းခြင်း

အက်ပလီကေးရှင်းတော်တော်များများကို ဂူဂဲလ် Play store မှ ရယူရမည်ဖြစ်ပြီး၊ ဂူဂဲလ်မှာကဲ့သို့ မိမိတို့၏အချက်အလက်များ မပေးရပဲ ရယူအသုံးပြုလိုပါက F-droid ပရောဂျက်ကို အသုံးပြု၍လည်း ကေ-၉ ကိုထည့်သွင်းနိုင်သည်။ ဖော်ပြပါအဆင့်များကို လုပ်ဆောင်နိုင်ရန် အင်တာနက်ဝိုင်ဖိုင် သို့မဟုတ် မိမိတို့ဖုန်းရှိ data service ကိုသုံး၍ အင်တာနက်ချိတ်ဆက်ရန်လိုအပ်သည်။ မိမိအသုံးပြုသော အန်းဒရွိက်ဗားရှင်း(Android version) အပေါ်မူတည်၍လည်း လုပ်ဆောင်ရမည့် အဆင့်များကွဲပြားမှုရှိနိုင် သည်။

ကေ-၉ အား Google Play မှရယူထည့်သွင်းခြင်း

မိမိ Android ပေါ်မှ Play store အိုင်ကွန် သို့  Shop အိုင်ကွန် ကိုကလစ်နှိပ်၍ ဂူဂလ် (Google Play) ကိုစသွားပါ။

အပေါ်ရှိဘားတန်းပေါ်တွင် မှန်ဘီးလူးပုံစံ ရှာဖွေရေးအိုင်ကွန်ပုံလေးကို တွေ့ရမည်ဖြစ်သည်။

 



 

လက်ဝဲဘက်ထောင့်တွင် Google play စတိုးပုံ အိုင်ကွန်ကိုတွေ့မြင်ရမည်ဖြစ်ပြီး မိမိရှာဖွေလိုသောအရာနှင့် ပတ်သက်သည့် စကားလုံးများကိုရေးရန် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မျှားလေးကိုတွေ့ရမည်ဖြစ်သည်။ ၄င်းရှာဖွေရေးဘားတန်းတွင် K9 ဟုရိုက်ထည့်ပြီး ရှာဖွေရေးအိုင်ကွန်ပုံလေးကို ကလစ်နှိပ်ပေးရမည်ဖြစ်သည်။

 

မိမိလိုအပ်သော ဆော့ဖ်ဝဲလ် အပလီကေးရှင်းသည် “K-9 Mail” ဖြစ်ပြီး ၄င်းနှင့်ပတ်သတ်သော အချက်အလက်များကိုသိရှိရန်အတွက် ကေ-၉ မေးလ်ပေါ်တွင် ကလစ်နှိပ်လိုက်ပါ။ထို့နောက် ရွေးချယ်စရာများထဲတွင် ထည့်သွင်းရန်(Install)ကို  တွေ့ရမည်ဖြစ်သည်။

 


 INSTALL ကို ကလစ်နှိပ်ရမည်ဖြစ်ပြီး လမ်းညွှန်ချက်များအတိုင်း ဆက်လက်၍ဆောင်ရွက်သွားရမည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် မိမိတို့၏ မက်ဆေ့ခ်ျများ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ နှင့် ဆက်သွယ်ရေးကွန်ယက်များ အစရှိသည်တို့ကို ကေ-၉ မှ  သိမ်းဆည်းထားခွင့်ကိုလက်ခံရမည်ဖြစ်သည်။ ထိုသို့ခွင့်ပြုပေးရခြင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်  သာဖြစ်ပြီး Application ကိုအသုံးပြုနိုင်ရန်အတွက် လက်ခံရမည်ဖြစ်သည်။

ကေ-၉ အား စတင်အသုံးပြုသည့်အခါ၌ ပါဝင်သည့် ကဏ္ဍများ (features) ကို အကျဉ်းချုပ်ဖော်ပြပေးထားသည်ကို စတင်တွေ့ရှိရမည်ဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားနိုင်ရန်အတွက် NEXT ဆိုသည့်အိုင်ကွန်ပုံလေးကို နှိပ်ရမည်ဖြစ်သည်။ မိမိမေလ်းအကောင့်ကိုပြင်ဆင်ခြင်းအပိုင်းဆီသို့လည်း ကျော်သွားလိုပါက ကျော်သွားနိုင်သည်။

ကေ-၉ အား F-Droid မှရယူခြင်း

တချို့သော အန်းဒရွိုက်အပလီကေးရှင်း (Android application)များကို Google Play store တွင် မိမိတို့၏ အချက်အလက်များအသေးစိတ်မပေးပဲ ဆွဲချ (Download)၍ ထည့်သွင်းနိုင်ပါသည်။ F-droid ၀ဘ်ဆိုဒ်တွင် K9 ဗားရှင်း အသစ် (Recent Version) ကိုအလွယ်တကူတွေ့နိုင်ပြီး  F-droid ထည့်သွင်းလိုက်ရုံဖြင့်လည်း  K9  နဲ့ပတ်သတ်သော နာက်ဆုံးထုတ်ဗားရှင်းများကို အလိုအလျှောက်ရယူနိုင်ပါသည်။ F-droid သည် Google play နှင့် အမျိုးအစားတူဖြစ်ပြီး အသုံးပြုလိုပါက အလွယ်တကူ ရှာဖွေမှုများပြုလုပ်နိုင်သည်။ F-droid ကိုအသုံးပြုရန် နှစ်သက်ပါက အခြား FOSS အပလီကေးရှင်းများကိုလည်းရယူနိုင်သည့် F-droid repository app ကို ထည့်သွင်းနိုင်သည်။

အက်ပလီကေးရှင်း (Application)အားမထည့်သွင်းမှီ မိမိစက်အတွင်းရှိ လုံခြုံရေးဆက်တင် တွင် Allow installation of apps from unknown sources  ကိုခွင့်ပြုရန် အမှတ်ခြစ်၍ ပြင်ဆင်ပြောင်းလဲပေးရမည်ဖြစ်သည်။

 

Google Play ကဲ့သို မိမိတို့၏စက်များအတွင်းသို့ apps များကို တိုက်ရိုက်ဒေါင်းလုပ်ထည့်သွင်းနိုင်သော အခြား ရွေးချယ်စရာ တစ်ခုခု ရှိနေခြင်းမှာ အလွန်အဆင်ပြေသော်လည်း စိတ်ချယုံကြည်နိုင်စရာမရှိသည့်အရင်းအမြစ်များမှ  အပလီကေးရှင်းများကို ထည့်သွင်းအသုံးပြုခြင်းသည် အန္တရာယ်များကြောင်း သိရှိထားရန်အရေးကြီးသည်။ ထို့ကြောင့် Google play နှင့် F-droid တို့ကဲ့သို့သော စိတ်ချယုံကြည်ရသည့် ၀ဘ်ဆိုဒ်များကိုသာ အသုံးပြုကြရန်နှင့် ကြုံရာ ၀က်ဘ်ဆိုဒ်များမှ apps (apk ဖိုင်များ) များကို ဒေါင်းလုပ်ရယူခြင်းများ မပြုမိစေဖို့လိုသည်။

မိမိအန်းဒရွိက်ရှိ ရှာဖွေရေး browser ပေါ်တွင် http://f-droid.org ဟုရေးသား၍ ကေ-၉ ကို ရှာပါ၊ ပြီးလျှင်ပေါ်ထွက်လာသော အချက်အလက်များထဲမှ K-9 email client ကိုရွေးချယ်ပေးပါ။ 

ထို့နောက် ပေါ်လာသောစာမျက်နှာအောက်တွင် ကေ-၉ ဗားရှင်းအသစ်ကို ကိုဒေါင်းလုဒ်ရယူရန်အတွက် download apk ကိုရွေးချယ်ပါ။ နောက်ဆုံးထွက် ကေ-၉ ဗားရှင်း(Version)သည် Version 4.409 ဖြစ်သည်။

 

ဖော်ပြထားသည့်လင့်ခ်ကို ရွေးချယ်ပြီးပြီဆိုပါက လမ်းညွှန်ဘားတန်း(navication bar)ပေါ်တွင်ဒေါင်းလုပ်ရယူနေပြီဖြစ်ကြောင်း မျှားဇောက်ထိုးပုံအချက်ပြမှုကိုတွေ့ရှိရမည်ဖြစ်သည်။

 

 

ထို့နောက် ၄င်းအချက်ပြပုံကလေး ပျောက်ကွယ်သွားသောအခါ ဒေါင်းလုပ်ရယူခြင်းပြီးဆုံးပြီဖြစ်ပြီး၊ ရယူထားပြီးဖြစ်သော ဒေါင်းလုဒ်ဖိုင်ကိုတွေ့နိုင်ရန် ဖန်သားမျက်နှာပြင်ပေါ်ရှိအမှတ်သားဖော်ပြရာဧရိယာတစ်ဝိုက်အား ထိလိုက်ပါ။

 



အထက်ဖော်ပြပါနည်းလမ်းအတိုင်းအဆင်မပြေပါက မိမိအန်းဒရွိုက်၏ ဖိုင်မန်နေဂျာ(File Manager)ရှိ ဆွဲချထားသောဖိုင်များ (Download file)တွင် ရှာဖွေနိုင်ပါသည်။

 

 

ဖော်ပြပါနည်း တနည်းနည်းကိုအသုံးပြုပြီး ဒေါင်းလုပ်ရယူထားသော (.apk) ပါသည့်ဖိုင် (com.fsck.k9_17046.apk ဆိုသောဖိုင်) ကို မိမိစက်တွင်ထည့်သွင်းရန် ရွေးချယ်ပေးပါ။ ထည့်သွင်းခြင်း (installation) ကို မည်သည့်နည်းလမ်းဖြင့်ပြုလုပ်မည်ဆိုသည်ကို မေးလာသောအခါတွင်  Package installer ကို ရွေးချယ်ပြီး၊ Just once ကို ကလစ်နှိပ်ပေးပါ။

ထည့်သွင်းနေသည့်အချိန်တွင် မိမိစက်အား ကေ-၉ အပလီကေးရှင်းမှ မည်မျှအတိုင်အတာအထိ စီမံဆောင်ရွက်ခွင့်ပြုပါမည် ဟု လက်ခံအတည်ပြုပေးရမည်။

 


ကေ-၉ ကိုထည့်သွင်းပြီးဆုံးသွားသည့်နောက်ပိုင်းတွင် မိမိအနေဖြင့် အီးမေးလ်အကောင့်တခု သို့ တစ်ခုထက်ပို၍  ထည့်သွင်း နိုင်ပြီဖြစ်သည်။

မိမိအီးမေးလ်အကောင့်အား ပြင်ဆင်ခြင်း

အကောင့်အသစ်တစ်ခုကို ပြုလုပ်သည့်အခါတွင် အီးမေးလ်လိပ်စာနှင့် လျှို့ဝှက်ကုဒ်နံပါတ် ထည့်သွင်းရန်တောင်း ဆိုသည့် စာမျက်နှာ (Screen) ကိုတွေ့ရမည်။

 


 

ယခုစာတွင် အဓိကအီးမေးလ်ဝန်ဆောင်မှုအပြင် အခြားအီးမေးလ်ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပြင်ဆင်အသုံးပြုနိုင်ရန် အီးမေလ်းအကောင့်တခုပြုလုပ်ခြင်းလုပ်ငန်းစဉ်ကို လမ်းညွှန်ပေးသွားမည်ဖြစ်ပြီး၊ မိမိအနေဖြင့် အီးမေးလ်တခုဖန်တီးထားပြီး မိမိအီးမေးလ်လိပ်စာနှင့် လျှို့ဝှက်နံပါတ်ရှိထားပြီးဖြစ်ရန်လိုသည်။

 

ဂူဂလ်မေးလ်အကောင့်တစ်ခုပြုလုပ်ခြင်း

ပြထားသော ဘောက်စ်ထဲတွင် မိမိအီးမေးလ်နှင့် လှို့ဝှက်နံပါတ်ကိုရိုက်ထည့်ပါ။

 

Next ကိုကလစ်နှိပ်ပါ။

ထို့နောက် ကေ-၉ မှ ဂျီမေလ်းနှင့်ပတ်သတ်သော အခြားအသေးစိတ်အချက်အလက်များ ရှိမရှိသိနိုင်ရန် ၄င်း၏ အရင်းအမြစ်များထဲတွင် ရှာဖွေလိမ့်မည်။

ဂျီမေးလ်သည် လူသိများသည့်ရင်းမြစ်တခုဖြစ်သောကြောင့် ဆက်တင်အများအပြားကိုတွေ့မြင်ရမည်ဖြစ်ပြီး ထိုနောက် “checking incoming sever settings” နှင့် “Checking outgoing server settings” ဟုဖော်ပြထားသော မျက်နှာပြင်ကိုတွေ့ရမည်ဖြစ် သည်။

 

မိမိ၏ လျှို့ဝှက်နံပါတ် (password) နှင့်ပတ်သတ်၍ ပြသနာတစ်စုံတရာမရှိပါက ကေ-၉ မှ ဂူဂဲလ်မေးလ်နှင့်ချိတ်ဆက်ပြီး မိမိဂျီမေးလ်တွင်ရှိနေသမျှ စာများအားလုံးကို စတင်ဒေါင်းလုပ်ရယူမည်ဖြစ်သည်။

အောက်တွင်ဖော်ပြထားသောပုံတွင် လုပ်ဆောင်မှုအားလုံးပြီးဆုံးခါနီးပြီးဖြစ်ကြောင်းနှင့် အကောင့်အမည်နှင့် အကောင့်စာမျက်နှာပေါ်တွင်ဖော်ပြမည့်နာမည် (display name) ထည့်သွင်းရန်ဖော်ပြထားသည်ကိုတွေ့ရမည်ဖြစ်သည်။

အကောင့်နာမည်ပေးထားခြင်းအားဖြင့် မိမိအနေဖြင့်အကောင့်တခုထက်ပို၍ ထည့်သွင်းထားမိပါက မိမိမေးလ်များကို စနစ်တကျဖြစ်စေရန်ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေသည်။ မိမိပို့သည့်စာများတွင်လည်း အခြားသူများအနေဖြင့် မည်သူဆီမှပို့သည်ဟုသိရှိစေနိုင်ရန် နာမည်ထည့်သွင်းပေးဖို့လိုသည်။


Change log မက်ဆေ့ခ်ျဟုမြင်တွေ့ရလျှင် OK ကိုကလစ်နှပ်ပေးပါ။

အားလုံးပြီးဆုံးပြီဆိုပါက Accounts ဆိုသည့်မျက်နှာပြင်ကိုတွေ့ရမည်ဖြစ်ပြီး၊ ကေ-၉ကို နေ့စဉ်အသုံးပြုပုံနှင့် အကောင့်တခုအား  မည်သို့ပြုလုပ်ရသည်ကိုလေ့လာနိုင်သည်။


အီးမေးလ်အကောင့်တစ်ခုအား မိမိဘာသာပြောင်းလဲပြင်ဆင်ခြင်း

ကေ-၉မှ မိမိ၏ အီးမေးလ်ဆာဗာအား ချိတ်ဆက်မရခြင်း မသိခြင်းမျိုးလည်း ဖြစ်တတ်သည်။ ထိုသို့ဖြစ်ပါက အထက်တွင်ဖော်ပြထားသော နည်းလမ်းများအတိုင်းပြုလုပ်၍ရမည်မဟုတ်သဖြင့် မိမိအီးမေးလ်အား ကိုယ်တိုင်ချိတ်ပြင်ဆင်ခြင်းကို ပြုလုပ်ပေးရမည်ဖြစ်သည်။

မိမိအနေဖြင့် အကောင့်တခုကို ထည့်သွင်းထားပြီးဖြစ်ပြီး နောက်ထပ်အကောင့်တစ်ခုကို ထပ်မံထည့်သွင်းလိုပါက More Action အိုင်ကွန်ပုံ ကိုကလစ်နှိပ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက သင့်စက်ရှိ မီနူးကီးခုလုပ်ကိုနှိပ်၍ Add Account ဆိုသည်ကိုရွေးချယ်ပေးရမည်ဖြစ်သည်။

 

ပြထားသောဗောက်စ်ထဲတွင် မိမိအီးမေးလ်လိပ်စာနှင့် လျှို့ဝှက်ကုဒ်ကို ရိုက်ထည့်ပါ။

 


Manual Setup ကိုရွေးလိုက်ပါ။

 

 

IMAP, POP3 နှင့် Exchange (WebDAV) ဟူ၍ ရွေးချယ်စရာသုံးခုကိုဖော်ပြပေးလာမည်ဖြစ်သည်။

ဤအဆင့်တွင် အကယ်ဤ မိမိအသုံးပြုသည့် အီးမေးလ်မှ POP3 နှင့် IMAP နှစ်မျိုးလုံးကို ပံ့ပိုးပေးထားပါက ထိုပံ့ပိုးပေးထားသော options အပေါ် မူတည်၍ မိမိဘာသာ ရွေးချယ်မှုပြုလုပ်ပေးရမည်ဖြစ်သည်။ IMAP ၏ အားသာချက်များမှာ မိမိစက်တွင် သိုမှီးစရာနေရာ အနည်းငယ်မျှသာရယူခြင်းနှင့် စက်တစ်လုံးထက်ပိုမိုအသုံးပြုပြီး အီးမေးလ်များကိုကြည့်လိုပါက  တစ်ချိန်တည်းမှာပင် အလွယ်တကူကြည့်ရှူနိုင်ရန်ပြုလုပ်ပေးနိုင်သည်။

အီးမေးလ်များစစ်ရာတွင် ယေဘူယျအားဖြင့် အသုံးအများဆုံးဖြစ်သည့် IMAP နှင့် မိမိ အီးမေးလ်အားချိတ်ဆက်စီစဉ်ပုံကို ဖော်ပြပေးမည်ဖြစ်ပြီး POP3 ကိုရွေးချယ်ခဲ့မည်ဆိုပါကလဲ ဖော်ပြပေးမည့် လမ်းညွှန်ချက်များကိုကြည့်ခြင်းဖြင့် သဘောပေါက်နားလည်နိုင်မည်ဖြစ်သည်။

ကေ-၉ ကို Exchange (WebDAV) နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် အကူညီလိုအပ်ပါကလည်း ကေ-၉ ၀ဘ်ဆိုဒ်ရှိ အထောက်အပံ့စာမျက်နှာ (support pages) တွင်ကြည့်ရှုနိုင်ပါသည်။ https://github.com/k9mail/k-9/wiki/K9MailAndExchange

IMAPနှင့်မိမိအီးမေးလ်အားအသုံးပြုရန်စီစဉ်ခြင်း

မိမိသုံးသောမေးလ်မှ ပံ့ပိုးပေးသော သို့မဟုတ် အကူညီစာမျက်နှာတွင်ဖော်ပြထားသော အချက်အလက်များကို ဆာဗာဆက်တင်များထဲတွင် ဖြည့်စွက်ပြီးသည့်သည့်အခါ IMAP ကိုရွေးချယ်ပေးပါ။ ရောက်ရှိလာမည့် အီးမေးလ် ဆက်တင်    (Email Settings)များကို အောက်တွင် ဥပမာအနေဖြင့်ဖော်ပြထားပါသည်။


 

ဤနေရာတွင် လုံခြုံရေးအတွက် SSL/TLS (always) သို့မဟုတ် STARTTLS (always) ကိုရွေးချယ်ရမှာဖြစ်ပြီး None ကိုမရွေးချယ်ရပါ။ ဆက်တင်များဖြည့်စွက်ပြီးသောအခါ Next ကို ကလစ်နှိပ်ပေးပါ။ အမှားယွင်းတခုခုဖြစ်ပေါ်ခဲ့ပါက မိမိသုံးသည့်အီးမေးလ်ပံ့ပိုးသူမှ မိမိထံပေးပို့ထားသော အချက်အလက်များကိုပြန်လည်စစ်ဆေးပါ။

ဖော်ပြပါဆက်တင်များဖြင့် အဆင်မပြေပါက အခြားဆက်တင်များကို တစ်ခါတစ်ရံ ပြောင်းလဲအသုံးပြုခြင်းဖြင့် အတွေ့အကြုံရနိုင်သည်။ အချက်အလက်များအချိန်အခါနှင့်မကိုက်ညီတော့တာလည်း ဖြစ်နိုင်သည်။

 

 

ထို့နောက် (မိမိအသုံးပြုသည်မှာ မှန်ကန်ကြောင်းထောက်ခံချက်) certificate ရောက်ရှိလာပါက Accept Key ကို ကလစ်နှိပ်ပေးရမည်ဖြစ်သည်။ ရောက်ရှိလာသော ခလုပ်တွင်ပါရှိသည့် အချက်အလက်အသေးစိတ်များ မှန်ကန်မှုရှိမရှိကို မိမိအသုံးပြုသော မေးလ်၏ ၀ဘ်ဆိုဒ်တွင် စစ်ဆေးနိုင်သည်။

မိမိပြန်ပို့လိုက်သည့်စာ (outgoing mail) များကို SMTP ဟုခေါ်ပြီး  မိမိအသုံးပြုသည့်မေးလ်မှ မိမိထံ ပို့ပေးလာသည့် သီးခြားဆက်တင်များကိုလည်း ထပ်မံဖြည့်စွက်ရန်လိုအပ်သည်။

 

အထွက်ဆာဗာဆက်တင်ကို ဖြည့်သွင်းပြီးသည့်အခါ Next ကိုနှိပ်ပါ။

ထို့နောက် Accounts ဆက်တင်ဆီသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပြီး၊ မိမိပြုလုပ်ထားသည့် အကောင့်သစ်များ၏ စာရင်းကိုတွေ့ရမည်ဖြစ်သည်။

ယခုဆိုလျှင် သင်သည် ကေ-၉ အား နေ့စဉ်အသုံးပြု၍ စာများကိုဖတ်ခြင်း၊ ရေးခြင်း နှင့် မိမိမေးလ်များအား စီမံခြင်းစသည့် လေ့လာပြီးဖြစ်သည်။ 


 

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.