FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

K9 My

အီးမေးလ်အား လျှို့ဝှက်ကုဒ်များအဖြစ်ပြောင်းလဲခြင်း

ယခုအခန်းတွင် ကေ-၉ကို အသုံးပြု၍ လျှို့ဝှက်ကုဒ်များအဖြစ်ပြောင်းလဲထားသော (encrypted) အီးမေးလ်များ ပေးပို့ခြင်းနှင့် လက်ခံခြင်းများ ပြုလုပ်နိုင်ရန် ထပ်မံလိုအပ်သည့် APG အပလီကေးရှင်းအား install လုပ်ခြင်းကိုဖော်ပြပေးမည်ဖြစ်သည်။

အီးမေးလ်အား လျှို့ဝှက်ကုဒ်အဖြစ်ပြောင်းလဲခြင်း

APG နှင့် K-9 အား ဆက်တင်ပြုလုပ်ခြင်းအကြောင်းမပြောမှီ PGP နည်းပညာအသုံးပြုပြီး အီးမေးလ် encryption ပြုလုပ်ခြင်းအကြောင်းကို ဦးစွာရှင်းပြလိုသည်။

PGP ကိုအသုံးပြုပြီး အီးမေးလ်များ ဖတ်ခြင်းနှင့်ပေးပို့ခြင်းများအတွက် ကီးနှစ်စုံလိုအပ်ပါသည်။ တစ်စုံမှာ ပေးပို့သူနှင့် စာလက်ခံသူနှစ်ဦးလုံးအတွက် တကိုယ်ရည်သုံးရန် (လျှို့ဝှက်) ကီး (private key) နှင့် နောက်ထပ်တစ်စုံမှာ အပြန်အလှန်ပေးပို့ရာတွင်အသုံးပြုရမည့် အခြားသူများမှအသုံးပြုနိုင်ရန်ထားရှိသော ကီး (public key) တို့ဖြစ်သည်။

ထိုကြောင့် လျှို့ဝှက်ကုဒ်သို့ပြောင်းလဲထားသောစာတစ်စောင်ကို ပေးပို့ရန်အတွက် မိမိပို့လိုသောသူ၏ public key ကိုသိရှိရန်လိုအပ်သည်ဖြစ်ကြောင်း ပုံတွင်ပြထားချက်အတိုင်း တွေ့မြင်ရမည်ဖြစ်သည်။

အီးမေးလ်များလိမ်လည်ပေးပို့ခြင်းသည် အလွန်လွယ်ကူပါသည်။ ထိုသို့ လိမ်လည်ပေးပို့ခံရခြင်းကို တန်ပြန်ကာကွယ်နိုင်ရန်အတွက် အီးမေးလ်များထဲတွင် လက်မှတ်ထိုး၍ ပေးပို့နိုင်ရန် PGP ကို အသုံးပြုသည်။ ထိုသို့ အီးမေးလ်တွင်လက်မှတ်ထိုးခြင်းဖြင့် ပေးပို့သူမှ မိမိထံ အမှန်တကယ်ပေးပို့ခြင်း ဟုတ် မဟုတ်ကို စစ်ဆေးသိရှိနိုင်ရန်အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ အောက်ပါလင့်တွင် ပြုလုပ်ပုံအဆင့်ဆင့်၏ အသေးစိတ်အချက်အလက်များကို ရယူနိုင်ပါသည်။ (more background information about the process here.)

OpenPGP သည် open source အပလီကေးရှင်းတစ်ခုဖြစ်ပြီး လျှို့ဝှက်ကုဒ်များအဖြစ်ပြောင်းလဲရာတွင် PGP method ကိုအသုံးပြုထားသည်။ PRISM ထောက်လှမ်းရေးပရိုဂရမ်အကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးသည့်နောက်တွင် လူအများလက်ခံလာကြသည်မှာ open source solutions များသည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်နိုင်ရန် အသုံးပြုရာ၌ အကောင်းဆုံးဖြစ်သည်ဟု ဖြစ်သည်။

Open source solutions တွင် လုံခြုံရေးလုပ်ငန်းကန်ထရိုက်များ ၀င်ရောက်ရှာဖွေစစ်ဆေးနိုင်ရန် ဂယ်ပေါက်ဖွင့်ပေးထားသိလိုဖြစ်နေသည့် အခြေအနေမျိုး ဖြစ်နိုင်ချေ အတော်ကြီးကိုနည်းပါးပါသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်း၏ source code များကို အသုံးပြုသူများမှ ၀င်ရောက်စစ်ဆေးနိုင်သောကြောင့်ဖြစ်သည်။ မိမိတို့အနေဖြင့် ၄င်းကုဒ်များကို နားလည်နိုင်စွမ်းမရှိသော်လဲ နားလည်တတ်ကျွမ်းသော အသုံးပြုသူများရှိပါသည်။ ထိုနားလည်သူများမှ ဤဆော့ဝဲအား အမြဲ ပြန်လည်စစ်ဆေး ကြည့်ရှုနေသောကြောင့် ဆော့ဝဲအတွင်း၌ မိမိကို အန္တရာယ်ပေးနိုင်သော ထိခိုက်နစ်နာစေနိုင်သော အရာများတည်ရှိပါဝင်နေရန်မှာ မဖြစ်နိုင်ပေ။

K-9 တွင် အီးမေးလ်ကို လျှို့ဝှက်ကုဒ်အဖြစ်ပြောင်းလဲရန် APG ကို ထည့်သွင်းတပ်ဆင်ခြင်းနှင့် အသုံးပြုခြင်း

ကေ-၉ အားထည့်သွင်းရန်ပြုလုပ်သည့်နည်းလမ်းများအတိုင်း APG အပလီကေးရှင်းကို မိမိစက်အတွင်း ထည့်သွင်းတပ်ဆင်ရန် Play store သို့မဟုတ် F-droid မှရယူပါ။

အက်ပလီကေးရှင်း၏ App Permissions များကို ကြည့်ရှုပြီးပါက Accept ကိုကလစ်နှိပ်ပါ။

 

အန်းဒရွိက် apps များနှင့် လုံခြုံရေး (security) နှင့်ဆိုင်သော အကြောင်းအရာများကို ပိုမိုသိရှိလိုပါက လေ့လာနိုင်ရန် အရင်းအမြစ်များစွာ အင်တာနက်ပေါ်တွင်ရှိပါသည်။ အခြေခံအားဖြင့် အပလီကေးရှင်းတခုသည် ၄င်းကောင်းစွာလည်ပတ် အလုပ်လုပ်နိုင်ရန်ထက်ပိုသည့် အခြားခွင့်ပြုချက်များ တောင်းခံခြင်းများ ပြုလုပ်ရန်မဖြစ်သင့်ပေ။

PGP ကီးတစ်စုံဖန်တီးခြင်း

PGP ကီးတစ်စုံဖန်းတီးရန်အတွက် APG အပလီကေးရှင်းကို ဦးစွာဖွင့်ပေးရပါမည်။ ထို့နောက် ကေ-၉ ကို ထည့်သွင်းတပ်ဆင်ရန် အကြံပြုထားသော အဖွင့်မိတ်ဆက်စာကို တွေ့မြင်ရပါမည်။ ထို့နောက် OK ကို ကလစ်နှိပ်ပေးရပါမည်။

ထို့နောက် စတင်ပြုလုပ်ရန်အတွက် More Action သို့မဟုတ် မိမိဖုန်းရှိ Menu ခလုတ်ကိုနှိပ်ပါ။

စတင်အသုံးပြုနိုင်ရန် ကီးတစ်စုံကို ပြုလုပ်ရပါမည်။ အခြားနည်းလမ်းတခုခုဖြင့် PGP ကိုအသုံးပြုဖူးပါက မိမိထံတွင် အသုံးပြုရန်ကီးတခုဖန်တီးပြီးသား ရှိကောင်းရှိနိုင်ပါသည်။ သို့သော် မည်သို့ပင်ဖြစ်စေ Magage Secret Keys ကို ရွေးချယ်လိုက်ပါ။


ထို့နောက် More Actions မီနူးကို ထပ်မံရွေးချယ်ပေးရပါမည်။ မိမိတွင် ဖန်တီးပြီးသားကီး (key) တစ်စုံရှိပြီးဖြစ်ပါက Import Keys ကို ကလစ်နှိပ်ပေးရမည်ဖြစ်ပြီး၊ မရှိသေးပါက Create Key ကို ရွေးချယ်ပေးပါ။


 

ထို့နောက် လျှို့ဝှက်စကားစု (pass phrase) သို့မဟုတ် စကားဝှက် (password) ကိုထည့်သွင်းပေးရမည်ဖြစ်ပြီး၊

Set Pass Phrase ဆိုသည့်နေရာတွင် မိမိရွေးချယ်ထားသော စကားဝှက်ကို နှစ်ကြိမ်ထည့်သွင်းပေး၍ OK ကို ကလစ်နှိပ်ရပါမည်။

ထို့နောက် User ID ဘေးရှိ (+) လက္ခဏာပုံအား ကလစ်နှိပ်၍ အမည် (Name) နှင့် အီးမေးလ် ကိုထည့်သွင်းပေးပါ။


မိမိအနေဖြင့် Keys ဘေးရှိ အပေါင်းလက္ခဏာပုံအား ကလစ်နှိပ်၍ ကီး တစ်ခုကို ဖန်တီးနိုင်ပြီဖြစ်သည်။

 

အကြံပြုလိုသည်မှာ RSA ၏ default setting ကို မူလအတိုင်းထားပြီး key size ကိုဖော်ပြပေးထားသည့် ၁၀၂၄ ထက် နှစ်ဆတိုး၍ ၂၀၄၈ သို့ထားပေးရန်ဖြစ်သည်။

ထို့နောက် မိမိအသုံးပြုမည့် ကီး၏ သက်တမ်းကုန်ဆုံးရက်ကို သတ်မှတ်ပေးရမည်ဖြစ်ပြီး၊ ၄င်းကီးကို မည်သို့ အသုံးပြုမည်ဆိုသည်ကို ရွေးချယ်ပေးရပါမည်။

Usage ဆိုသည့်နေရာရာတွင် Sign and Encrypt ကိုရွေးချယ်ရပါမည်။


ထို့နောက် Save ကိုကလစ်နှိပ်ပြီးပါက အသုံးပြုရန်ကီးတစ်စုံဖန်တီးခြင်းလုပ်ငန်းစဉ် ပြီးဆုံးပြီဖြစ်ပြီး၊

Secret keys စာရင်းတွင် မိမိ၏ ကီးအသစ်ကိုတွေ့မြင်ရမည်ဖြစ်သည်။

 

မိမိ၏ Public keys ကို စီမံခန့်ခွဲလို၍ ရှာဖွေပါကလဲ မိမိ၏ ကီးအား စာရင်းပြုဖော်ပြပေးထားမည်ကို တွေ့ရမည်ဖြစ်သည်။ ဤကီးသည် မိမိလက်ခံရယူမည့် encrypted mails များ ပေးပို့မည့်သူများထံ ပေးအပ်ထားရန်လိုသောကြောင့် လွန်စွာသုံးဝင်သည်။

အခြားအက်ပလီကေးရှင်းများမှ ကီး (Keys) များသွင်းယူခြင်း

မိမိတွင် ယခု app ဆီသို့ ပြောင်းပို့အသုံးပြုလိုသော Thunderbird ကဲ့သို့သော အခြား အီးမေးလ်အပလီကေးရှင်းများတွင် အသုံးပြုနေသော ကီးများ ရှိကောင်းရှိနေနိုင်ပါသည်။ ရှိခဲ့ပါက ထိုကီးများကို AGP ထဲသို့ ပြောင်းပို့သုံးပြုနိုင်ပါသည်။ ထိုသို့ပြောင်းပို့နိုင်ရန် asc သို့မဟုတ် pgp ဖိုင်ထဲသို့ မိမိ၏ကီးများကို ထည့်သွင်းပေးရမည်ဖြစ်ပြီး ၄င်းတို့ကို မိမိဖုန်း၏ stoage အတွင်းသို့ USB သို့မဟုတ် Bluetooth တဆင့် ရွှေ့ပြောင်းပေးရမည်ဖြစ်သည်။

ဖိုင်များကို ပြောင်းရွေ့နိုင်ရန် Manage Private မီနူးထဲမှ Import Keys ကိုရွေးချယ်ရပါမည်။

 

ထို့နောက် မိမိကီးကို ထားရှိမည့်နေမည့်နေရာကို ရှာဖွေပြီး ၄င်းကို ရွေးချယ်ပေးပါ။

ပြောင်းရွေးခြင်းပြီးစီးပါက ကီး ကို ဖျက်ပြစ်ချင်ဖျက်ပြစ်နိုင်ရန် option ရရှိမည်ဖြစ်သည်။


ထို့သို့လုပ်ဆောင်ခြင်းဖြင့် မိမိ၏ ကီးကို Private Key မီနူးထဲသို့ ပြောင်းရွှေ့ပေးမည်ဖြစ်ပြီး encryption အတွက်အသုံးပြုရန် အဆင်သင့်ဖြစ်နေမည်ဖြစ်သည်။

Private key ဖြင့် စတင်လုပ်ဆောင်မည်ဆိုပါက ရွှေ့ပြောင်းပေးပို့မည့် မည်သည့် public keys အတွက်မဆို ဖော်ပြခဲ့ပြီးသော လုပ်နည်းကိုင်နည်းများအတိုင်း ထပ်မံလုပ်ဆောင်ပေးရန်လိုပါသည်။

Public Keys များကို အပြန်အလှန်လဲလှယ်ခြင်း

Encrypted လုပ်ထားသောစာများကိုပေးပို့ရန်နှင့် လက်ခံနိုင်ရန် မိမိအနေဖြင့် အခြား အီးမေးလ်အသုံးပြုသူများနှင့် public keys များကို အပြန်အလှန်လဲလှယ်ပေးအပ်ထားရန်လိုသည်။

ထိုသို့လုပ်ဆောင်ရန် ပထမဆုံးအနေဖြင့် Manage Public Keys ထဲတွင်ရှိသော options မှ Export Keys ကိုရွေးချယ်ပေးပြီး မိမိကီးအား ပေးပို့ရမည်ဖြစ်သည်။

ထို့နောက် စာသားဖိုင် (text file) အနေဖြင့်ရှိနေသည့် ပေးပို့လိုက်မည့်ဖိုင်ကို သိမ်းဆည်းရန်နေရာကိုရွေးချယ်ရပါမည်။

ထို့နောက် PGP အသုံးပြုသော မိမိ၏အဆက်အသွယ်တစ်ဦးဦးထံသို့ public key ကို ပို့ပေးပြီး၊ encrypted အီးမေးလ်ပေးပို့ခိုင်းပါ။

မိမိအနေဖြင့် စမ်းသပ်အသုံးပြုလိုသော်လည်း မည်သူတွေက encryption သုံးသည်ကိုမသိပါက encryptedenigma@aktivix.org သို့ မိမိ၏ public key ကိုထည့်သွင်းပေးပြီး အီးမေးလ်ပို့၍ စမ်းသပ်နိုင်ပါသည်။

လျှို့ဝှက်ကုဒ်များအဖြစ်ပြောင်းလဲထားသော အီးမေးလ်များပေးပို့ခြင်း

ဖော်ပြပါကီးများအား လိုက်လံရှာဖွေရမည့်ကိစ္စမှာ လွယ်ကူစွာလုပ်နိုင်သော အလုပ်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် မိမိကီးများကို ဆွဲတင်ရန် (upload) နှင့် အခြားသူများ၏ ကီးများကို ဒေါင်းလုဒ်ရယူရန် (download) ရယူခြင်းများကို လွယ်ကူစွာလုပ်ဆောင်နိုင်ရန် ကီးဆာဗာများထားရှိပေးထားပါသည်။

ထိုသို့ပြုလုပ်ရန် APG ၏ အဓိကစာမျက်နှာရှိ options menu ထဲတွင်ရှိသော Key Server ကိုရွေးချယ်ပေးပြီး၊

မိမိဆက်သွယ်လိုသူ၏ အီးမေးလ်ကို ရေးသွင်းပေးပြီးနောက် Search ကို ရွေးချယ်ပေးပါ။

ထို့နောက် ကီးသည် ကီးဆာဗာပေါ်တွင်ရှိနေသည်ဆိုပါက မိမိထံ အကြောင်းပြန်ကြားပေးပို့လာသည်ကို တွေ့ရမည်ဖြစ်သည်။

လက်ယာဘက်တွင်ဖော်ပြပေးလာမည့် နံပါတ်များသည် မိမိ၏ Key ID ဖြစ်ပြီး၊ မိမိအနေဖြင့် ကီးအစစ်အမှန်ကို အသုံးပြုနေခြင်းဟုတ်မဟုတ်ကိုလည်း လွယ်ကူလျင်မြန်စွာစစ်ဆေးနိုင်သည့် နည်းလမ်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တခါတရံ၌ အီးမေးလ်လိပ်စာတခုအတွက် ကီးများတခုထက်မက ရှိနေနိုင်သောကြောင့်ဖြစ်သည်။

မိမိဆက်သွယ်လိုသူ၏ ကီးကို ရယူပြီးပြီဆိုပါက မိမိအနေဖြင့် ကေ-၉ ကိုအသုံးပြု၍ အီးမေးလ်များကို လွယ်ကူစွာပေးပို့နိုင်ပြီဖြစ်သည်။

မက်ဆေ့ခ်ျရေးသားသည့်အခါ၌ APG ကို ထည့်သွင်းထားပြီးဖြစ်၍ မြင်တွေ့နေရပြီဖြစ်သော Encrypt ၏ ဘေးတွင်ရှိနေသည့် လေးထောင့်ကွက်လေးအတွင်း၌ အမှန်ပုံလေး ပေါ်အောင်လုပ်ပေးရမည်ဖြစ်သည်။

 

တခုသိရှိထားရမည်မှာ PGP public key ရှိသူများထံသို့သာ encrypt မေးလ်များပေးပို့နိုင်မည်ဖြစ်သည်။

မိမိအီးမေးလ်သို့ ၀င်ရောက်ရန် Sign ဘောက်စ်ကို ရွေးချယ်ပြီး မိမိအသုံးပြုမည့် ကီးကိုရွေးပေးပါ။

 

 

ကေ-၉ အသုံးပြု၍ လျှို့ဝှက်ကုဒ်ပြောင်းလဲရာတွင်ရှိနေသော အကန့်အသတ်များ

ကေ-၉ သည် encryption လုပ်ရာ၌ အခြား tool တခုဖြစ်သော APG ကို တွဲဖက်အသုံးပြုရသည်ဖြစ်သောကြောင့် လောလောဆယ်ကာလတွင် အကန့်အသတ်အချို့ ရှိနေပါသည်။. 

ပူးတွဲဖိုင်အား လျှို့ဝှက်ကုဒ်သို့ပြောင်းမပေးနိုင်ခြင်း (သို့) ဘက်စုံအသုံးပြုနိုင်သော (MIME) အီးမေးလ်အဖြစ်အသုံးပြု၍မရခြင်း

Encryption ပြုလုပ်ခြင်းလုပ်ငန်းစဉ်တခုလုံးသည် အီးမေးလ်တွင် ရေးထည့်သည့် စာသားများကိုသာ ပြုလုပ်ပေးနိုင်ပါသည်။ ၄င်းကို inline encryption ဟုခေါ်သည်။ အခြား အီးမေးလ် client များအနေဖြင့် ပူးတွဲပေးပို့သော ဖိုင်ကိုပါ encryption လုပ်နိုင်ရန်ခွင့်ပြုပေးသော်လည်း လက်ရှိအချိန်တွင် K-9 နှင့်APG တို့တွင် ပြုလုပ်ရန်မဖြစ်နိုင်သေးပါ။

ပူးတွဲဖိုင်များကို encryption ပြုလုပ်ခြင်းလုပ်ငန်းစဉ်သည် အီးမေးလ်များနှင့် ပူးတွဲဖိုင်များကို pgp/mime ဖိုင်အမျိုးအစားများအဖြစ်ပြောင်းလဲ၍ အတူတကွ ပေးပို့ခြင်းဖြစ်သည်။ မိမိ၏မေးလ် client က ထိုသို့ပြုလုပ်နိုင်ရန် ပံ့ပိုးလုပ်ဆောင်ပေးပါက အသုံးပြုသင့်သည့်နည်းလမ်းခုဖြစ်ပါသည်။

ထိုသို့ပြုလုပ်နိုင်ခွင့်ရရန် မကြာခဏတောင်းဆိုမှုများရှိသောကြာင့်လည်း ဤကဏ္ဍကို ကေ-၉တွင် မကြာမှီ အသုံးပြုနိုင်လာဖွယ်ရှိပါသည်။ Guardian project အနေဖြင့်လဲ ဤအခန်းကဏ္ဍနှင့် ပတ်သတ်ပြီး  အန်းဒရွိုက်များအတွက် GnuPG client ကို ဖန်တီးလုပ်ဆောင်လျက်ရှိပြီး၊ ၄င်းတို့ လုပ်ဆောင်နေသည့် project အား K-9 နှင့် တွဲဖက်အသုံးပြုနိုင်ရန် စီစဉ်လုပ်ဆောင်ပေးလိမ့်မည်ဖြစ် သည်။ 

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.