FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

K9 My

အီးမေလ်းများနှင့် ကေ-၉ အား စီစဉ်ပြင်ဆင်ခြင်း

ယခုအခန်းတွင် အီးမေးလ်များနှင့် ဖိုဒါများအား စီမံကိုင်တွယ်ခြင်း၊ ကေ-၉၏ အခြား configuration များပြုလုပ်ခြင်းစသည့် ကေ-၉ မေးလ်ကို အသုံးပြုခြင်းဖြင့်ရရှိလာမည့် အားသာချက်များအား ဖော်ပြပေးမည်ဖြစ်သည်။

>အီးမေးလ်များအား စီမံဆောင်ရွက်ခြင်း

ဤအပိုင်းတွင် မိမိအီးမေးလ်များအားစီမံကိုင်တွယ်နိုင်သောနည်းလမ်းအချို့ကိုလေ့လာနိုင်သည်။

အီးမေးများအား တူရာစုစည်းခြင်း။

မိမိ၏ရှည်လျားများပြားလှသော အီးမေလ်းများအား အစဉ်လိုက်စီရန် သို့မဟုတ် တူရာစုစည်းထားနိုင်ရန် နည်းလမ်းများစွာဖြင့် ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်ရန်မှာ မိမိစက်၏ မျက်နှာပြင် အကြီးအသေးပေါ်မူတည်၍ ဖော်ပြပေးလာမည့်ရွေးချယ်လုပ်ဆောင်စရာများအနက်မှ More Actions ထဲတွင်ရှိသော Sort By သို့မဟုတ် Sort အိုင်ကွန်ကို ကလစ်နှိပ်ပေးရမည်ဖြစ်သည်။


 

Sort By ထဲတွင်တွေ့ရှိရမည့် options များမှာ Date, Arrival, Subject, Sender, Star, Read/unread, Attachments တို့ဖြစ်သည်။


ဖိုဒါများဖြင့် လုပ်ဆောင်ခြင်း

ဖိုဒါများအသုံးပြုဆောင်ရွက်ခြင်းသည် များပြားလှသောအီးမေးလ်များကို ကိုင်တွယ်ဆောင်ရွက်ရာ၌ အလွန်အသုံးဝင်သည်။ အခြားအခန်းတွင် မိမိတို့၏ အီးမေးလ်များအား trash folder နှင့် archive folder များအတွင်းသို့ရွေ့ပြောင်းခြင်းအကြောင်း လေ့လာပြီးဖြစ်သည်။ သို့သော် မိမိအီးမေးလ်များအား အခြားဖိုဒါများအတွင်း၌ ထည့်သွင်းလိုပါက အထက်ဖော်ပြပါနည်းလမ်းများနှင့် မတူညီသော နည်းလမ်းတချို့ကို အသုံးပြုလုပ်ဆောင်ရမည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရန်မှာ အီးမေးလ်တစ်စောင်စောင်ကိုဖတ်နေရင်းပြုလုပ်လိုသည်ဆိုပါက More Actions ထဲမှာ refile ကို ကလစ်နှိပ်ရမည်ဖြစ်သည်။

ထို့နောက် မိမိ နှစ်သက်ရာဖိုဒါတခုခုအတွင်းသို့ ပြောင်းရန် Move သို့ Copy ကိုရွေးချယ်ရမည်ဖြစ်ပြီး၊

ထို့နောက် စာများအား ရွေ့ပြောင်းရန် ဖိုဒါတစ်ခုကိုရွေးချယ်ပေးရန် ဖော်ပြသည်ကို တွေ့ရမည်ဖြစ်သည်။

 

 

ဖိုဒါများအား စီမံခြင်း

ဖိုဒါအသစ်တခုကို ဖန်တီးရန် မိမိ၏ အကောင့်စာမျက်နှာသို့သွားရမည်ဖြစ်ပြီး၊ မိမိလုပ်ဆောင်လိုသော အကောင့်၏ဘေးရှိ ဖိုဒါပုံအိုင်ကွန်လေးကို ကလစ်နှိပ်ရပါမည်။

အောက်တွင်ပြထားသောပုံတွင် မိမိအကောင့်အတွင်းရှိ အခြားဖိုဒါများ၏ စာရင်းကိုဖော်ပြပေးထားပါသည်။

လတ်တလောအချိန်တွင် ကေ-၉ မေးလ်တွင် ဖိုဒါအသစ်ပြုလုပ်ရန် options မပါရှိသေးသောကြောင့် မိမိ၏ ၀ဘ်မေးလ်ဆက်တင်တွင်သာ ပြုလုပ်ရမည်ဖြစ်သည်။

ဖိုဒါဆက်တင်နှင့် အမျိုးအစားများ

မိမိအနေဖြင့် အီးမေးလ်အသုံးများပြီး နည်းလမ်းပေါင်းစုံဖြင့် အသုံးပြုသူဖြစ်သောကြောင့် မိမိအကောင့်အတွင်းရှိ ဖိုဒါတခုခုအတွင်း၌သာ အီးမေးလ်များအား စစ်ဆေးခြင်း၊ ဖတ်ရှုခြင်းနှင့် ဒေါင်းလုပ်ဒ်ရယူခြင်းမျိုး ပြုလုပ်လိုပါက ကေ-၉ က ထိုသို့ အလွယ်တကူပြုလုပ်နိုင်ရန် လုပ်ဆောင်ပေးမည်ဖြစ်သည်။

ဥပမာအနေဖြင့်ဆိုရလျင် မိမိအနေဖြင့် email lists များစွာကို ရယူထားပြီး ၄င်းမေးလ်းများကို မိမိအန်းဒရွိုက်အတွင်း၌ မတွေ့မြင်လိုပါက မိမိအသုံးပြုသော ၀က်မေးလ် options တွင် အလိုအလျှောက်စီစစ်၍ Email Lists ဖိုဒါထဲသို့ထည့်သွင်းပေးရန် ဆက်တင်ပြုပေးထားခြင်းဖြင့် ကေ-၉ အနေဖြင့် အီးမေးလ်များကိုစစ်ဆေးသည့်အခါ၌ ၄င်းတို့ကို ထည့်သွင်းခြင်းမပြုပဲ ဖယ်ထုတ်ပေးထားမည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ပုံအဆင့်ဆင့်ကို ဤလက်စွဲစာအုပ်တွင် အကျယ်ဖော်ပြပေးရန်မဖြစ်နိုင်ပါ၊ ထို့ကြောင့် လုပ်ဆောင်ပုံအဆင့်ဆင့်ကို အတိုချုပ်ဖော်ပြပေးရမည်ဆိုပါက မိမိ၏ဖိုဒါဆက်တင်တွင် ပထမ သို့ ဒုတိယ စသည်ဖြင့် ဖိုဒါအမျိုးအစား ခွဲခြားသတ်မှတ်ပေးရမည်ဖြစ်ပြီး၊ အထက်တွင်ဖော်ပြထားသော ဥပမာအရ Email Lists ဆိုသည့် ဖိုဒါကို ဒုတိယအမျိုးအစားအနေဖြင့် သတ်မှတ်ပေးရန်ဖြစ်သည်။

ထိုသို့ဆက်တင်ပြုလုပ်ရန် ဖိုဒါများအားဖော်ပြပေးထားသောနေရာသို့ သွားရမည်ဖြစ်ပြီး၊ More Actions အိုင်ကွန်ထဲမှ Setting ကိုရွေးချယ်ပြီး၊ ၄င်းအထဲရှိ Folder Settings ကို ထပ်မံရွေးချယ်ပေးရမည်ဖြစ်သည်။

Folder options ထဲတွင် အခြား options များ၏စာရင်းကိုတွေ့ရှိရမည်ဖြစ်ပြီး၊ ထိုအထဲတွင် Display သို့မဟုတ် sync စသည်ဖြင့်ရွေးချယ်နိုင်သည်။

Folders များနှင့် Classes များအကြောင့်ပိုမိုသိရှိလိုပါက ဖော်ပြပါ ကေ-၉ ၀က်ပေ့ဂ်ျစာမျက်နှာတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။ https://github.com/k9mail/k-9/wiki/WorkingWithClasses

အခြားဆက်တင်များ

ကေ-၉ မေးလ်တွင် Folder Settings၊ Account Settings နှင့် Global Settings စသည့် ဆက်တင်အဆင့် သုံးမျိုးရှိပါသည်။ ယခုဖော်ပြမည့်အပိုင်းတွင် အရေးအကြီးဆုံးဖြစ်သောဆက်တင်များ ပြောင်းလဲပြုပြင်ရန် လုပ်ဆောင်ပုံများကို ခြုံငုံဖော်ပြပေးမည်ဖြစ်ပြီး၊ အခြားဆက်တင်များအကြောင်းကို မိမိဘာသာထပ်မံလေ့လာစေလိုပါသည်။

အကောင့်ဆက်တင်

အကောင့်ဆက်တင်ကိုအသုံးပြုရန် မိမိပြင်ဆင်ဖွဲ့စည်း (configuration) လိုသော အကောင့်အတွင်းရှိ Folder list ရှိရာသို့သွား၍ More Actions အိုင်ကွန်ကို ကလစ်နှိပ်ရွေးချယ်ရပါမည်။ ထို့နောက် ၄င်းအထဲရှိ Setting ထဲမှ Account Settings ကို ရွေးချယ်ပေးရပါမည်။

 

ဤနေရာတွင် အရေးကြီးသောအပိုင်းများမှာ Fetching mail နှင့် Sending mail စသည့် options တို့ဖြစ်ပြီး ၄င်းတို့ထဲတွင်လည်း မိမိစိတ်ကြိုက်ပြောင်းလဲနိုင်သော ဆက်တင်များပါရှိပါသည်။ ပုံတွင်တွေ့ရသော section များ၏ အကြောင်းအရာအနှစ်ချုပ်ကို အောက်တွင်ဖော်ပြထားပါသည်။

General Setting သည် Default အကောင့်ဖြစ်သည့်  ဤအကောင့်အမည်နှင့် အရောင်စသည်တို့ကိုဖော်ပြပေးသည်။

Fecthing Mail သည် မည်သည့်ဖိုဒါအမျိုးအစားကို စစ်ဆေးမည်နည်း၊ မည်မျှကြာလျင် တခေါက်ထပ်မံ စစ်ဆေးမည်နည်းဆိုသည်များကို ပြုလုပ်ဆောင်ရွက်နိုင်ရန်ဖြစ်ပြီး၊ အ၀င်စာများကို စီစဉ်ဖွဲ့စည်းဖော်ပြပေးသည်။

Sending Mail တွင် (အကောင့်တွင်ဖော်ပြမည့်) နာမည်၊ အီးမေးလ်လိပ်စာ၊ အီးမေးလ်တွင်ထည့်သွင်းမည့်လက်မှတ်၊ မက်ဆေ့ခ်ျ format (Plain text သို့မဟုတ် HTML စသည်) ၊ CC နှင့် BCC တွင်ထည့်သွင်းထားသည်များကို ဖော်ပြပေးမပေးနှင့် အထွက်စာများဖြစ်အတွက် (SMPT) ဆက်တင်များကို ပြုလုပ်နိုင်သည်။

Folders တွင် မည်သည့်ဖိုဒါအမျိုးအစားများကို ဖော်ပြပေးခြင်းနှင့် ရှာဖွေခြင်းပြုလုပ်မည်၊ မည်သည့်ဖိုဒါများကို draft၊ sent၊ spam နှင့် trash folder အဖြစ်သုံးမည်ကို စီစဉ်နိုင်သည်။

Storage သည် internal သို့မဟုတ် external stoage ကိုအသုံးပြုသည်။

Notifications သည် စာအသစ်ရောက်သည့်အခါများတွင် status bar တွင် အသိပေးဖော်ပြခြင်း၊ တုန်ခါခြင်း နှင့် စာအသစ်ရောက်သည့်အခါသုံးသည့် ringtone များကို လိုအပ်သလိုစီစဉ်နိုင်သည်။

Seach က မေလ်းဆာဗာ၌ ရှာဖွေခြင်းပြုလုပ်နိုင်ရန်စီစဉ်ပေးပါသည်။

အီးမေးလ်များကို ကြည့်ရှုရန် ဖွဲ့စည်းပြင်ဆင်ခြင်း

မိမိအနေဖြင့် မိမိဖုန်း၏ဖိုဒါထဲတွင် မက်ဆေ့ခ်ျမည်မျှလက်ခံထားမည်နည်းဆိုသည်ကို ပြင်ဆင်ပြောင်းလဲသတ်မှတ်လိုခြင်း ရှိကောင်းရှိနိုင်ပါသည်။ default အနေဖြင့်လက်ခံပေးမည့် စာအရေအတွက်မှာ ၂၅ စောင်သာဖြစ်သဖြင့် အတော်နည်းသော အရေအတွက်ဖြစ်သည်။

ထို့ကြောင့်မိမိစိတ်ကြိုက်ပြောင်းလဲနိုင်ရန်အတွက် Account settings ရှိ Local folder size တွင်ပြုပြင်ပေးရမည်ဖြစ်သည်။

 


 


There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.