WordPress Plugins များရွေးချယ်ရန် မိတ်ဆက်ခြင်း
သင့်အနေနှင့် သင့် ဗွီဒီယိုများကို WordPress ၏ Default ပုံစံထက်ပိုမိုပြောင်းလဲပြင်ဆင်လိုပါက Wordpress တွင် အသုံးပြုနိုင်သော plugin များကို တပ်ဆင်အသုံးပြုနိုင်သည်။
Wordpress ရဲ့ အဓိက function တွေကို Developer အချို့က ကန့်သတ်ကိုင်တွယ်ထားသော်လည်း Themes များ Plugins တွေ အခြား function တွေကိုတော့ ထောင်ပေါင်းများစွာသော ကွန်ပျူတာ ပရိုဂရမ်မာ များမှ ကိုင်တွယ်ဖန်တီးပေးထားပါသည်။
Wordpress အတွက် plugin များစွားရှိပြီး မည်သည့် plugin ကို အသုံးပြုမည်ဆိုသည်ကို သိရန် စမ်းသပ် ရွေးချယ်နိုင်သည်။ မကြာခနဆိုသလိုDevloper များသည် သူတို့ ကောင်းမွန်စွာသိသော အသုံးဝင်သည့် plugin များအကြောင်းကို အသုံးပြုသူများထံ အကြံပြု စုဆောင်းပေးတက်ကြသည်။

ဗွီဒီယို နဲ့သတ်ဆိုင်သော Plugin များရှာတဲ့အခါ တွေ့ရမယ့် ဝဘ်စာမျက်နှာ http://wordpress.org/plugins တွင် Plugins များနှင့်ပတ်သတ်တဲ့ download မည်မျှဆွဲသွားသနည်း၊ နောက်ဆုံး update လုပ်သွားတဲ့အချိန် စသည်များကို တွေ့နိုင်ပါသည်။
သင့်အနေနှင့် သင့်အလုပ်နှင့် သက်ဆိုင်သော လိုအပ်သည် plugin များကို ရွေးချယ်ရာတွင် ကူညီ နိုင်ရန် ယေဘူယ အကြံပြုချက်တစ်ချို့ ရှိပါသည်။ သင့်အနေနှင့် plugin တစ်ခုကို ရွေးချယ်သော အခါ သင်ကိုယ်တိုင် ယင်း plugin နှင့် ပါတ်သက်သော သောမေးခွန်းအချို့ကို ထုတ်ကြည့်ရန် အောက်တွင် ကျွန်ပ်တို့ နေဖြင့် အကြံ ပြုချက် အချို့ ထည့်သွင်းပေးထားပါသည်။
Wordpress.org plugin လမ်းညွန်တွင် ပါသော plugin လား - http://wordpress.org/pluginsis သည် နာမည်ကောင်းရသော plugin လမ်းညွှန်ဖြစ်ပါသည်။ ထိုဝက်ဆိုက်တွင် ဖော်ပြထားသော pluging များသည် အများသုံးလိုင်စင်များပေးထားကြပြီး ယင်း plugin အရည်အသွေးနှင့် အဆင့်သတ်မှတ်ချက် စသည်တို့ကို တွေ့နိုင်ပါသည်။
ထိုဝက်ဆိုက်တွင်ဖော်ပြထားသော အခြားသော သတင်းအချက်အလက်များသည်လည် ကျွန်ုပ်တို့ အတွက် plugin တစ်ခုကို အသုံးပြုသင့် မသင့် ရွေးချယ်ရာတွင် အလွန် အသုံးဝင်သည်။ အကြံပြုလိုသည်မှာ ယင်းလမ်းညွှန်တွင် စာရင်းပြုစုထားသော plugin တွင် မပါသော plugin များကို အသုံးပြုရန် ရှောင်ရှားသင့်ပြီး အခြား တစ်ခုကို ထပ်မံရွေးချယ်သင့်ပေသည်။
ရိုးရှင်းလွယ်ကူသလား - အကောင်းဆုံး plugin များသည် အကြောင်းရာတစ်ခုကို သာ အဓိက အထောက်ပံ ပြုလုပ်ပြီး ယင်းကိုလဲ ကောင်းမွန်စွာ ပြုလုပ်နိုင်သည်။ Plugin များကို ရွေးချယ်ရန်အတွက် များပြားရှုပ်ထွေးလွန်းနေလျှင် သင်ပြုလုပ်လိုသော အကြောင်းအရာကို လွယ်ကူရိုးရှင်းစွာ ဖန်တီနိုင်သော Plugin ကိုသာ ရှာဖွေရွေးချယ်ရန်ကြိုးစားရပါမည်။
Plugin ကို လူဘယ်လောက်များများက Download ပြုလုပ်ခဲ့သလဲ - http://wordpress.org/plugins/ ၏ plugin home page တွင် သွားရောက်ပြီး လူဘယ်လောက်များများက download လုပ်ယူခဲ့သည်ကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။
Up to Date ဖြစ်သလား - Wordpress သည် ပုံမှန်အားဖြင့် update ဖြစ်သော plugin များကို ရနိုင်သည်။ ကာလရှည်ကြာစွာ update မပြုလုပ်သော plugin များသည် အလုပ်လုပ်ဆောင်ရာတွင် အားနည်းချက်များ ရှိနိုင်သည်။
အဆင့်သတ်မှတ်ချက်ကကော ဘယ်လိုလဲ - အဆင့်သတ်မှတ်ချက် စနစ်တွင် သုံးစွဲသူတို့၏ Feedback ကိုခွင့်ပြုပေးထားပါသည်။ ယင်းသည် plugin တစ်ခုကို အကဲဖြတ်ရာတွင် ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်ပါသည်။
Is there an active support forum? Plug in ရေးသားသူအချို့သည် သူတို့ plugin နှင့်ပါတ်သတ်ပြီး သုံးစွဲသူများကို အကူညီပေးရန် ကြိုးစားကြပါသည်။ ဘယ်လိုအသုံးပြုရမည်ဆိုသည်ကို တုန့်ပြန်ဖြေကြားပေးခြင်း၊ code များကို အမြဲ up to date လုပ်ခြင်း ၊ ပြဿနာများကို ဖြေရှင်းပေးခြင်းများ ပြုလုပ် ပေးကြပါသည်။
Plugin ရေးသားသူ တစ်ယောက်ထက်ပိုသေးလား? ပုံမှန် ကိုယ်သုံးနေတဲ့ Plug in ကို ရေးသားသူက စိတ်ပါဝင်စားမှုမရှိတော့တဲ့အခါ outdate ဖြစ်သွားမှာကို ဘယ်သူမှ မလိုချင်ပါဘူး။ ကောင်းမွန်တဲ့ Plugin အတော်များများကတော့ ရေးသားဖန်တီးသူ တစ်ယောက်ထက်မက ရှိတတ်ပါတယ်။