FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Guide to Hosting your own Video Site

ဗွီဒီယို စုပေါင်းထားခြင်း


ဗွီဒီယိုများကို စုပေါင်းထားရှိခြင်းသည် ကွဲပြားခြားနားသော ဗွီဒီယို ရင်းမြစ်အမျိုးမျိုးကို တစ်နေရာထဲတွင် စုပေါင်း ထားရှိခြင်းပင်ဖြစ်သည်။.  

ဗွီဒီယိုများကို စုပေါင်းထားရှိသော ၀က်ဆိုက် နမူနာများ

စီးပွားရေးအရ ဗွီဒီယိုများကို စုပေါင်းထားရှိရန် ၀န်ဆောင်မှုများ -  ယင်းဆိုက်များတွင် သင့်အနေနှင့်စိတ်ဝင်စား သော အကြောင်းအရာများပါသည့် ဗွီဒီယိုများကို ရှာဖွေရန် အသုံးဝင်သော နည်းလမ်းများစွာပါဝင်သည်။ 

Videosift မှ http://videosift.com/humanitarian

Communityအရ ဗွီဒီယိုများကို စုပေါင်းထားရှိရန် ၀န်ဆောင်မှုများ - အချို့သော ၀န်ဆောင်မှုပေးသော ၀က်ဆိုက်များသည်( Miro Community အပါအ၀င်) သင်နှင့် သင့်မိတ်ဆွေများ၏ ဗွီဒီယိုများကို အတူတကွ ထားရှိရန်နှင့် အတူတကွ ဆွဲယူကြည့်ရှုနိုင်ရန် အထောက်ပံ့ပေးသည်။

Miro Community ကိုအသုံးပြုထားသော aggregator ဆိုက်တစ်ခု http://www.swanseatelly.org

ဗွီဒီယိုများစုပေါင်းထားရှိရန် ကိုယ်တိုင်ပြုလုပ်ခြင်း-  Durpal နှင့် Wordpress ကဲ့သို့သော Framework များသည် ဒေတာများကို စုပေါင်းသိမ်းဆည်းရန် နှင့် ပြသရန် အတွက် အလွယ်တကူ ပြုလုပ်နိုင်အောင် ဖန်တီးပေးထားသည်။ မတူညီသော အဖွဲ့ဝင်များအတွက် ကွဲပြားခြားနားသော ဗွီဒီယိုများကို စုပေါင်းသိမ်းဆည်းရန် ကွန်ယက်တစ်ခု အဖြစ် လည်းကောင်းတို့ သည် အတော်ပြည့်စုံပါသည်။ 


တရားမျှတမှုနှင့်ပတ်သတ်သော ဗွီဒီယိုများအား aggregate  လုပ်ထားသော ဝက်ဆိုက်တစ်ခု http://transmission.cc

ဗွီဒီယိုများအား စုပေါင်းထားရှိရန် နည်းပညာများ

စုပေါင်းထားရှိခြင်းကို နည်းလမ်းအမျိုးမျိုးဖြင့်ပြုလုပ်နိုင်သည်

RSS Feeds & Video Podcasts – RSS Feeds ဆိုသည်မှာ ဝက်ဆိုက်တစ်ခုမှ နောက်တစ်ခုဆီသို့ အချက်အလက်များ ချိတ်ဆက်ဖော်ပြရာတွင်အသုံးပြုသည်။ သတင်းဝက်ဆိုက်အတော်အများမှာ အသုံးပြုကြသည်။ နောက်ပိုင်း multimedia  များတွင် ထိုနည်းပညာကို Podcasts များဟုခေါ်သည်။

APIs: ဝက်ဆိုက်များတွင် API နည်းပညာများကိုထည့်သွင်းဖော်ပြခြင်းဖြင့် အခြားဝက်ဆိုက်များမှ လွယ်လင့်တကူ ချိတ်ဆက် ဆက်သွယ်နိုင်အောင်ပြုလုပ်နိုင်သည်။ API များသုံးခြင်းဖြင့် ကောင်းကျိုးများစွာရှိသော်လည်း ၄င်းတို့သည် web နည်းပညာ၏ စံစနစ်များကို မလိုက်နာသောကြောင့် နောက်ပိုင်းတွင် အပြောင်းအလဲများရှိလာနိုင်ပါသည်။

OEmbed: OEmbed ဆိုသည်မှာ Embed Code တွေကိုလွယ်လင့်တကူအသုံးပြုနိုင်ရန် ပြုလုပ်ထားသော နည်းပညာတစ်ခုဖြစ်သည်။ OEmbed သည်ထိုသို့ပြုလုပ်ရာတွင် စံစနစ်များရှိသောကြောင့် အသုံးပြုရအဆင်ပြေစေပါသည်။

YouTube မှ API/RSS များကိုယူပြီး အခြားဝက်ဆိုက်များတွင် ထည့်သွင်းအသုံးပြုနည်းကို ဒီစာမျက်နှာတွင်ဖော်ပြထားပါသည်။

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.