Drupal တွင် ဗီဒီယိုများကို upload တင်ခြင်း
HTML5 player တွင် ဗီဒီယိုများကို upload တင်ခြင်းနှင့် ဖွင့်ကြည့်ခြင်းအတွက် ရိုးရှင်းသော နည်းလမ်းကိုလိုချင်သည်ဆိုလျှင် Drupal မှ ထောက်ပံ့ပေးထားသော မူလတည်ဆောက်ပါရှိသည့် file field ကိုအသုံးပြုနိုင်ပါသည်။ file field က upload တင်ထားသည့် ဗီဒီယိုများကို ထိန်းကိုင်ထားပြီး player ဖြင့်ဖွင့်ပေးရန် module များကို ထည့်ပေးပါသည်။
စတင်ရန်အတွက် File field အမျိုးအစားကို content အမျိုးအစားရွေးချယ်ပေးရပါမည်။ ဤဥပမာတွင်တော့ default article အမျိုးအစားကို သုံးပါမည်။ Admin စာမျက်နှာတွင် Home » Administration » Structure » Content types » Article သို့သွားပြီး Manage Field ကိုနှိပ်လိုက်ပါ။ အောက်ပါနည်းအတိုင်း file field အမျိုးအစားအသစ် ထည့်သွင်းလိုက်ပါ။

Upload လုပ်ရန်နေရာ ကို Public files ဟုရွေးချယ်ပါ။
နောက်ထပ် စာမျက်နှာတစ်ခုတွင် Help text ဟုရိုက်ပါ။ upload တင်ရန်အတွက် ခွင့်ပြုနိုင်သောဖိုင်အမျိုးအစား စာရင်းနှင့် အများဆုံးဖိုင်ဆိုဒ်ကိုလည်းရေးပါ။

ရလဒ်အနေဖြင့် ဤဆိုဒ်ကို အသုံးပြုသူများသည် တခြားသူများ download ချနိုင်သည့် ဗီဒီယိုများကို upload တင်ပေးနိုင်မှာဖြစ်ပါသည်။ player မပါသေးပါ။
အောက်ပါအတိုင်းမြင်ရပါမည်။

HTML5 player ထည့်သွင်းခြင်း
နောက်တစ်ဆင့်သည် ဗီဒီယို player ၏ လုပ်ငန်းဆောင်တာများကိုထည့်သွင်းခြင်းဖြစ်ပြီး ထိုသို့လုပ်မှသာ သုံးစွဲသူများက ဗီဒီယိုများကို အွန်လိုင်းတွင် ခလုပ်နှိပ်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ဤကိစ္စအတွက် Media Element player ကို အသုံးပြုပါမည်။
Media Element module ကိုထည့်သွင်းလိုက်ပြီး Libraries module ကိုလည်း လိုအပ်သလိုထည့်သွင်းလိုက်ပါ။ အသေးစိတ်ကို ဒီမှာ ကြည့်ရှုနိုင်ပါသည် https://drupal.org/project/mediaelement ။

ဤ module သည် အခြားသောပြင်ပ code များပေါ် မူတည်နေပါသည်။ ဤ code ကို library ဟုခေါ်ပါသည်။ ထည့်သွင်းရန်အတွက် Media Element code library ကို http://mediaelementjs.com မှ ဒေါင်းလုဒ်ချလိုက်ပါ။
Libraries module မှာ ထောက်ပံ့ပေးထားသော Libraries directory ထဲတွင် mediaelement အမည်ဖြင့် unzip လုပ်လိုက်ပါ။ (ဥပမာ။ /sites/all/libraries/mediaelement).
Modules စာရင်းထဲရှိ MediaElement.js ဘေးမှ configure လုပ်သည့်လင့်ခ်ကို နှိပ်လိုက်ပြီး ထည့်သွင်းမှုအောင်မြင်သလား စမ်းသပ်ကြည့်လိုက်ပါ။
Content type ၏ Manage Display တဘ်သို့ပြန်သွားလိုက်ပါ။ သင့် ဗီဒီယိုဖိုင် field ၏ setting ကိုပြင်လိုက်ပြီး MediaElement ဗီဒီယိုကိုရွေးလိုက်ပါ။

Default အကျယ်နှင့် အမြင့်ကို တွေ့ရပါမည်။
ပြောင်းလဲရန်နှင့် ဒေါင်းလုဒ်လင့်ခ်ကို ထည့်သွင်းရန်အတွက် cog ၏ပုံကို နှိပ်လိုက်ပြီး player ကို configure လုပ်ရပါမည်။

Cache များကိုရှင်းလင်းလိုက်ပြီး upload တင်ထားသော ဗီဒီယိုဖိုင်ကို စမ်းသပ်ရန် ပြန်သွားလိုက်ပါ။
Player ကိုမြင်ရမည်ဖြစ်ပြီး play ခလုတ်ကြီးကြီးကိုလည်း လာရောက်ကြည့်ရှုသူများ လွယ်ကူစွာနှိပ်၍ ကြည့်ရှုနိုင်အောင်မြင်နေရပါမည်။ download လုပ်ရန် လင့်ခ်ကိုလည်း ရွေးချယ်ပါကတွေ့ရပါမည်။
