FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Obscuracam my

ပုံများကို မှုန်ဝါးအောင်ပြုလုပ်ခြင်း


ပုံများရိုက်ယူခြင်းနှင့် ၄င်းပုံများကို မှုန်ဝါးအောင်ပြုလုပ်ခြင်း စတင်ပြုလုပ်နိုင်ရန် မိမိအန်းဒရွိုက်အတွင်းရှိ ObscuraCam ကို ဖွင့်လိုက်ပါ။

ObscuraCam ကို ထည့်သွင်းထားပြီးဖြစ်သောကြောင့် မိမိ၏ အပလီကေးရှင်းများရှိရာ စာမျက်နှာပေါ်တွင် ObscuraCam ၏ အိုင်ကွန်ကိုတွေ့မြင်ရမည်ဖြစ်သည်။

 

အိုင်ကွန်အား နှိပ်၍ရွေးချယ်လိုက်ပါ။

ပုံအသစ်တစ်ပုံအား မှုန်ဝါးအောင်ပြုလုပ်ခြင်း

ပုံအသစ်တစ်ပုံရိုက်ယူရန်အတွက် မိမိစက်တွင်ပါသော ကင်မရာကို ဖွင့်ပြီး New Picture ကိုရွေးချယ်ပေးပါ။

ထိုအခါ အနည်းငယ်အပြောင်းအလဲ ဖြစ်ပေါ်နေမည့် မိမိဖုန်း ကင်မရာဆော့ဝဲလ်၏ default အဆင်အပြင်ကိုတွေ့မြင်ရမည်ဖြစ်သည်။

ထို့နောက် ပုံရိုက်ယူရန် ခလုတ် (အ၀ါ) အလုံးလေးအား ကလစ်နှိပ်ရမည်ဖြစ်သည်။

မိမိ၏ စက်မှာ (အန်းဒရွိုက်မဟုတ်ပဲ) အခြားအမျိုးအစားတခုခုဖြစ်ခဲ့ပါက ကင်မရာအိုင်ကွန် သို့မဟုတ် ၄င်းနှင့်အလားသဏ္ဍာန်တူ တခုခုကို ကလစ်နှိပ်ရမည်ဖြစ်ပြီး၊ ပုံရိုက်ယူသည့်အခါတွင် (အန်းဒရွိုက်များနှင့်) မတူကွဲပြားသည့် options များကိုတွေ့ရကောင်းတွေ့ရနိုင်သည်။ သို့သော် အချို့စက်များအတွက်မူ အပေါ်ဘက်ထိပ်တွင်ရှိသော အမှန်ခြစ်သင်္ကေတ ကိုရွေးချယ်ပေးခြင်းဖြင့် ပုံများကို မှုန်ဝါးအောင်စတင်ပြုလုပ်နိုင်ပါသည်။

 

အလယ်တွင်ရှိနေသည့် မျှားခေါင်းလေးပါသော စက်ဝိုင်းပုံအိုင်ကွန်ကို ပြန်လည်ပြုလုပ်ရန် (retry) နှင့် နောက်ထပ်ပုံများရိုက်ယူရန် အတွက် အသုံးပြုနိုင်ပြီး၊ ကြက်ခြေခတ်ပုံအိုင်ကွန်အား ObscuraCam ၏ အဓိက Main Menu သို့ ပြန်လည်သွားရောက်နိုင်ရန် ကလစ်နှိပ်ရမည်ဖြစ်သည်။

အခြားစက်အမျိုးအစားများတွင် Save သို့မဟုတ် Disgard စသည်ဖြင့် ဖော်ပြပေးပါလိမ့်မည်။


ပုံသစ်များကို မှုန်ဝါးသွားအောင် ပြုလုပ်ခြင်းလုပ်ငန်းစဉ်၏ နောက်ထပ်လုပ်ဆောင်ရမည့် အဆင့်များသည် စက်အတွင်း၌ ရှိနေပြီးဖြစ်သောပုံများကို မှုန်ဝါးအောင်ပြုလုပ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မည်သို့ပြုလုပ်ရမည်ဆိုသည်ကို ဆက်လက်ဖတ်ရှုပေးပါ။

ရှိပြီးသားပုံများကို မှုန်ဝါးအောင်ပြုလုပ်ခြင်း

မိမိစက်ထဲတွင်ရှိနေသော ပုံတစ်ပုံကို မှုန်ဝါးသွားအောင်ပြုလုပ်ဖို့ အခြေအနေမျိုးကြုံကြိုက်လာခဲ့ပြီဆိုပါက ထုံးစံအတိုင်း အက်ပလီကေးရှင်းအား ဖွင့်ပြီး Obscure Photo ကိုရွေးချယ်ပေးပါ။

ထိုသို့ရွေးချယ်ပြီးပါက မိမိစက်အတွင်းရှိ ပုံများကိုသိမ်းဆည်းထားသည့်  နေရာများအား ဖော်ပြပေးလာမည်ကို တွေ့ရပါမည်။



ထို့နောက် မိမိ မှုန်ဝါးအောင်ပြုလုပ်လိုသော ပုံကိုတွေ့သည်အထိ ရှာကြည့်ရပါမည်။ ထိုပုံသည် မိမိစက်ဖြင့်ရိုက်ယူထားသည့်ပုံ သို့မဟုတ် အီးမေးလ်၊ အင်တာနက်၊ တွီတာ(twitter) နှင့် အခြားပုံစံတမျိုးမျိုးဖြင့် ပေးပို့ထားသော ပုံလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။

မျက်နှာများနှင့် အခြား ဧရိယာများအား မှုန်ဝါးအောင်ပြုလုပ်ခြင်း

မိမိပြုလုပ်လိုသောပုံကို ရွေးချယ်ပြီးသည်နှင့် ၄င်းပုံကို ObscuraCam ထဲတွင် ဖွင့်ပေးမည်ဖြစ်ပြီး၊ ObscuraCam က ပုံတွင်ပါသော မျက်နှားများကို ချက်ခြင်းဆိုသလို ဖျက်ပေးမည်ဖြစ်သည်။

ပုံအပေါ်မူတည်၍ ၄င်းက မျက်နှာများအားလုံး သို့မဟုတ် မျက်နှာတချို့ကို ဖျက်ပေးမည်ဖြစ်သည်။

ဥပမာ ဖော်ပြပေးထားသောပုံတွင် မျက်နှာများ အားလုံးကို အလိုအလျှောက် ဖျက်ပေးကာ မျက်နှာပြင်ရှိအသေးစိတ်အသွင်သဏ္ဍာန်များကို မှုန်ဝါးသွားအောင် အစက်အပြောက် များဖြစ် ပေါ်စေခြင်းဖြင့် ကာကွယ်ပေးသည်ကိုတွေ့ရမည်ဖြစ်သည်။



မိမိတို့အနေဖြင့် မှုန်ဝါးအောင်ပြုလုပ်ဖို့ရန် ဘောင်ကွပ်ဖော်ပြထားသော ဧရိယာများ နှစ်သက်လက်ခံသည်ဆိုပါက ဆက်လက် လုပ်ဆောင်သွားရုံသာဖြစ်ပြီး၊ သို့မဟုတ်ခဲ့ပါက မိမိဖာသာ လိုအပ်သည့်ဧရိယာများကို ထပ်မံဘောင်ကွပ် ထည့်သွင်းခြင်း အကြောင်းကို   ဖော်ပြထား သည့် အပိုင်းကို ဆက်လက်ဖတ်ရှုရန်လိုပါသည်။


ယခု မိမိတို့အနေဖြင့် မှုန်ဝါးအောင်ပြုလုပ်ထားပြီးသောပုံကို သိမ်းဆည်းရန် disc ပုံအိုင်ကွန်ကို ကလစ်နှိပ်နိုင်ပြီဖြစ်သည်။

ထို့နောက် ပုံအသစ်အား မိမိစက်ထဲရှိ ဓါတ်ပုံပြခန်း (Gallery) ထဲတွင်သိမ်းဆည်းနေပြီဖြစ်ကြောင်း အသိပေးချက်ကို တွေ့မြင်ရမည်ဖြစ်ပြီး၊ 


မူရင်းဖိုင်ကို ဖျက်ပြစ်လိုက ဖျက်နိုင်ရန် options ကို တွေ့ရှိရမည်ဖြစ်သည်။

ဤအခွင့်အရေးသည် မိမိစက်အတွင်း၌ မူရင်းဖိုင်ကို သိမ်းဆည်းရန် အလွန်အန္တရာယ်ရှိပါက (ဆက်လက်ထားရှိ/မရှိဆိုသည်ကို) ဆုံးဖြတ်နိုင်ရန် အခွင့်အရေးလည်းဖြစ်သည်။

ပုံများကို မိမိဘာသာ Tags များ ထပ်ထည့်ခြင်းနှင့် ဖွဲ့စည်းပြင်ဆင်လုပ်ဆောင်ခြင်း

မိမိတို့အနေဖြင့် ပုံ၏အခြားအစိတ်အပိုင်းများ သို့မဟုတ် အလိုအလျှောက်ဖျက်ပေးသည့် လုပ်ငန်းစဉ်တွင် မပါဝင်ပဲကျန်ရစ်ခဲ့သော မျက်နှာများအား အစက်အပျောက်များဖြင့် ဖုံးအုပ်လိုကောင်း လိုပါလိမ့်မည်။ ဘောင်ကွပ်ပေးထားသော ဧရိယာများကို အစက်အပြောက်များပြန်လည်ဖယ်ရှားခြင်း သို့မဟုတ် အခြားနည်းလမ်းတစ်ခုဖြင့် မှုန်ဝါးသွားအောင်ပြုလုပ်နိုင်ရန် ဖျက်နိုင်ပါသေးသည်။

အောက်တွင်ဖော်ပြထားသောပုံတွင် မျက်နှာများထဲမှ တစ်ခုကိုသာ မှတ်သားရွေးချယ်ထားပြီး၊ ရွေးချယ်ထားသော ဧရိယာသည် အတော်အတန်ကြီးမားနေပါသည်။



ထို့ကြောင့် ထိုဘောင်ကွပ်ထားသော ဧရိယာ၏ အရွယ်အစားကို ပြုပြင်ပြောင်းလဲရန် ၄င်းကို ထိတို့ရွေးချယ်ပြီး ဘောင်၏ထောင့်နားမှ ဆွဲယူ၍ချုံ့ပေးရမည်ဖြစ်သည်။

ဥပမာအနေဖြင့် ထိုဘောင်ကွပ်ထားသော ဧရိယာကို သေးငယ်သွားစေရန် ထောင့်များကို ထိတို့ရွေးချယ်ပြီး အတွင်းသို့ ဆွဲချုံ့ယူရမည်ဖြစ်သည်။

သို့မဟုတ်ပါက ၄င်း ဧရိယာ၏ အလယ်ကို ထိတို့ရွေးချယ်ပြီး ၄င်းကို ဆွဲချုံ့ယူ၍ အရွယ်အစားပြန်လည် ပြုပြင်နိုင်ပါသေးသည်။

Creating a new tagged area

ဘောင်ကွပ်ထားသော ဧရိယာအသစ်များ ဖန်တီးခြင်း

မှုန်ဝါးအောင်ပြုလုပ်လိုသော ဧရိယာအသစ်များ ဖန်တီးပြုလုပ်ရန် မိမိ ပြုလုပ်လိုသော ဧရိယာကို ထိတို့ရွေးချယ်ပေးလိုက်ရုံသာဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အရွယ်အစားကြီးမားသော  ဘောင် ကွပ်ထားသည့် ဧရိယာတစ်ခုကို ဖန်တီးပေးမည်ဖြစ်ပြီး၊ မိမိလိုအပ်သလို အရွယ်အစားပြန်လည် သတ်မှတ်ပေးရမည်ဖြစ်သည်။


ဧရိယာတစ်ခုကို ရွေးချယ်ထားပြီး ၄င်းဧရိယာကို ထပ်မံထိတို့ရွေးချယ်လိုက်ပါက ထိုဧရိယာအား ဖျက်ပစ်နိုင်ရန် option ကိုရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဧရိယာအသစ်များကို မှားယွင်း ဖန်တီးမိပါက Clear Tag  option ကိုရွေးချယ်ပေးခြင်းဖြင့်  အလွယ်ကူပြန်ဖျက်နိုင်ပါသည်။

 

Zoom tool ဖြင့် ချဲ့ယူကြည့်ခြင်းဖြင့် ပုံထဲတွင် သေးငယ်နေသော မျက်နှာများကို အလွယ်တကူ ရွေးချယ်ခြင်းပြုလုပ်ခွင့်ကို ရရှိနိုင်စေပါသည်။ ထိုသို့ ချဲ့ယူကြည့်ခြင်းသည် ပုံထဲတွင် သေးငယ်နေသော်လည်း မှုန်ဝါးပေးရန်လိုအပ်သော မျက်နှာများကို စစ်ဆေးရှာဖွေကြည့်နိုင်ရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

 

ထို့ကြောင့် မိမိ လိုအပ်သည့်မျက်နှာများအားလုံးကို မှုန်ဝါးအောင်ပြုလုပ်ပြီးသည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို ထပ်တလဲလဲ ပြုလုပ်နိုင်ပါသည်။ ထို့နောက် မိမိ၏ပုံအား ပုံမှန်နည်းလမ်းအတိုင်း Save ကိုရွေးချယ်ပြီး သိမ်းဆည်းပါ။

 

ထို့ပြင် ပုံကို မသိမ်းဆည်းမှီ မည်သို့သောပုံစံရှိမည်ဆိုသည်ကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။ ထိုသို့ စစ်ဆေးကြည့်ရှုရန် Preview (မျက်လုံးပုံ) အိုင်ကွန်ကို ထိတို့ရွေးချယ်ပေးပါမည်။

 

မှုန်ဝါးအောင်ပြုလုပ်ရန်အခြား ရွေးချယ်လုပ်ဆောင်နိုင်သည်များ

ဧရိယာတစ်ခုခြင်းစီကို မှုန်ဝါးသွားအောင်ပြုလုပ်ရန် ရွေးချယ်လိုက်သည့် အခါတိုင်းတွင် အခြား ရွေးချယ်စရာ options များကိုလည်း တွေ့ရှိရမည်ဖြစ်သည်။

 

မိမိတို့ အသုံးပြုလျက်ရှိသော မူလရွေးချယ်မှုပေးထားမှု (default options) မှာ အစက်အပြောက် (Pixelate) များဖြစ်ပြီး ဤနေရာ၌ အခြား ရွေးချယ်နိုင်သည်များ ရှိသေးသည်ကို တွေ့နိုင်မည်ဖြစ်သည်။ ထိုအခြားရွေးချယ်မှုများထဲပါဝင်သည့် Redact ဆိုသည့် options သည် ဘောင်ကွပ်ရွေးချယ် ထားသောနေရာအား  အမဲရောင်စတုရန်းပုံဖြင့် အစားထိုးဖုံးအုပ်ပေးမည်ဖြစ်သည်။

CrowdPixel သည် ရွေးချယ်ဘောင်ကွပ်ထားသောဗောက်စ် အပြင်ရှိ အရာအားလုံးကို အစက်အပြောက်များဖြင့်ဖုံးအုပ်ပေးပြီး ထိုဘောင်ကွပ်ထားသော ဧရိယာအတွင်းကိုတော့ ရှင်းလင်းပြတ်သားစွာ ဖော်ပြပေးမည်ဖြစ်သည်။ ထိုကြောင့် CrowdPixel သည်  အစက်အပြောက်များ ထည့်သွင်းမည့် ဧရိယာကို ပြောင်းပြန်ပြုလုပ်ပေးမည်ဖြစ်သည်။

Mask သည် မျက်နှာပြင်အပေါ်ပိုင်းကို မျက်နှာဖုံးများ ထပ်ဆင်ပေးခြင်းဖြင့် ဖျက်ပေးမည်ဖြစ်သည်။ သို့သော် ၄င်းကို ပေါ့ပေါ့ပါးပါး ကိစ္စရပ်များအတွက်သာ ပြုလုပ်သင့်သော်လည်း အရေးကြီးသော အကြောင်းအရာများကို တင်ပြသည့်အခါများအတွက်မူ အသုံးပြုရန်မသင့်တော်ပေ။


There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.