FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Obscuracam my

ဗွီဒီယိုများအား မှုန်ဝါးအောင်ပြုလုပ်ခြင်း

ဗွီဒီယိုများအား မှုန်ဝါးအောင်ပြုလုပ်ရာတွင် မိမိဖုန်း၌ အလုပ်များစွာပြုလုပ်ရန်လိုသည်။ ထို့ကြောင့် စွမ်းဆောင်ရည်မြင့်မားသည့် ပိုမိုကောင်းမွန်သော စက်သစ်များတွင်သာ ကောင်းစွာ အလုပ် လုပ်နိုင်သည်ကိုတွေ့ရမည်ဖြစ်ပြီး၊ အထူးသဖြင့် ရှည်လျားသော ဗွီဒီယိုများကို ပြုလုပ်ရာ၌ ဖြစ်သည်။

ဗွီဒီယိုများအား မထင်မရှားဖြစ်စေရန် ObscuraCam ကို ပုံမှန်လုပ်ရိုးလုပ်စဉ် အတိုင်းဖွင့်ပြီး၊ Obscure Video ကို ကလစ်နှိပ်ပေးပါ။

 

ဗွီဒီယိုများကို အလိုအလျှောက် မှုန်ဝါးအောင်ပြုလုပ်ခြင်း

မိမိစက်အတွင်းရှိ ဗွီဒီယိုဖိုင်များအား ရှာဖွေရွေးချယ်ပေးရမည့်ဖြစ်ပြီး၊ မိမိ၏ ဖိုင်များအား နေရာ အမျိုးမျိုးထဲတွင် ထားရှိသည်ဆိုပါက မိမိအနေဖြင့် ရှာဖွေရွေးချယ်ပေးရမည်ဖြစ်သည်။

 

ဗွီဒီယိုဖိုင်အားရွေးချယ်ပြီးပါက မိမိအား ObscuraCam အနေဖြင့် ဖျက်ရန် မျက်နှာများကို အလိုအလျှောက် ရွေးချယ်ခိုင်းမည်လားဆိုသည်ကို မေးလာမည်။


 

စမ်းသပ်သည့်အနေဖြင့် Yes ကို ရွေးချယ်လိုက်ပါ။

ထိုအခါ ObscuraCam အနေဖြင့် ဗွီဒီယိုထဲတွင်ပါသောမျက်နှာများအား မှတ်သားထားရန် လုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

 


ထိုသို့လုပ်ဆောင်နေခြင်း အောင်မြင်ပြီးဆုံးသွားပါက မိမိတို့ မှုန်ဝါးအောင်ပြုလုပ်ထားပြီးသော ဗွီဒီယိုကို သိမ်းဆည်းရန် Save ကို ကလစ်နှိပ်ပေးပါ။

အလိုအလျှောက်ပြုလုပ်နေချိန်တွင် မိမိမှုန်ဝါးပစ်လိုသော မျက်နှာများအားလုံးကို ရွေးချယ်မပေးခဲ့ပါက သို့မဟုတ် အပြောင်းအလဲများပြုလုပ်လိုပါက မိမိတို့အနေဖြင့် ဘောင်ကွပ်မည့်နေရာများ ထပ်ထည့်ခြင်း၊ အရွယ်အစားပြောင်းလဲခြင်းနှင့် ပြောင်းရွေ့ခြင်း စသည်ဖြင့် အပြောင်းအလဲလုပ်လိုသည် များကို ကိုယ်တိုင်ပြုလုပ်ပေးနိုင်သည်။

မှုန်ဝါးအောင်ပြုလုပ်မည့် နေရာများထပ်တိုးခြင်း နှင့် ပြောင်းလဲခြင်း

မှုန်ဝါးအောင်ပြုလုပ်မည့် နေရာများ ကို ကိုယ်တိုင်ကိုယ်ကျ ထပ်တိုးခြင်းပြုလုပ်နိုင်ရန် ပထမဆုံး မိမိမှုန်ဝါးပစ်လိုသည့် ဧရိယာကို ရွေးချယ်ပေးခြင်းဖြင့် စတင်ရပါမည်။ အကယ်၍ ၄င်းဧရိယာသည် လွန်စွာသေးလွန်းနေခြင်း သို့မဟုတ် ကြီးလွန်းနေပါက ရုပ်သေဓါတ်ပုံများကို အရွယ်အစား ပြန်လည်သတ်မှတ်သည့် နည်းလမ်းအတိုင်း ပြုလုပ်ပေးရမည်ဖြစ်သည်။

ထို့နောက် စကရင်မျက်နှာပြင်အောက်ဘက် ဗွီဒီယိုများဖွင့်သော ဘားတန်းပေါ်တွင်ရှိသော Play အိုင်ကွန်ကိုနှိပ်ပေးရမည်။

ဗွီဒီယိုပြသနေသည့်အချိန်တွင် ရွေးချယ်ထားသော ဧရိယာကို ထိတို့ကိုင်ထားပြီး စကရင်ပေါ်တလျှောက် မျက်နှာရွေ့လျားသွားရာနောက်သို့ ထိုရွေးချယ်ထားသော ဧရိယာကို လိုက်လံရွှေ့ပေးရပါမည်။

ထို့နောက် ရွေးချယ်ထားသည့် ဧရိယာ၏ ရွှေ့လျားလှုပ်ရှားမှုကို ဖော်ပြပေးသော အစိမ်းရောင်အတန်း စတင်ပေါ်ထွက်လာသည်ကို တွေ့ရှိရမည်။



 

ထိုသို့ မျက်နှာရွေ့လျားရာသို့ လိုက်လံရွေ့လျားနေစဉ်တွင် အရွယ်အစားပြုပြင်နိုင်ရန်နှင့် ပိုမိုတိကျစွာဖြင့် ရွေးချယ်ထားသော ဧရိယာအား ရွှေ့နိုင်စေရန် Pause ကို အသုံးပြုရန်ရွေးချယ်နိုင်ပြီး၊

ပြန်လည်စတင်ရန် Play ကို ထပ်မံနှိပ်ပေးရမည်။

မျက်နှာရွေ့လျားရာနောက်သို့ လိုက်လံရွှေ့ပေးခြင်းပြီးဆုံးသည့်အခါတွင် ရွေးချယ်ထားသောဧရိယာကို ထပ်မံ တို့ထိပေးပြီး Set Out Point ကို ရွေးချယ်ပေးပါ။

 


ထိုအခါ မိမိလိုက်လံရွေ့လျားထားသည့် လမ်းကြောင်းစဉ် (Trail) တစ်ခုကို ဖန်တီးပေးမည်ဖြစ်သည်။ ၄င်းသည် မှုန်ဝါးပစ်မည့် ရွေးချယ်ထားသောဧရိယာများ၏ နေရာနှင့် အရွယ်အစားများ ကို ဖော်ပြပေး မည့် Keyframes များလည်းဖြစ်သည်။

မိမိအနေဖြင့် အမှားယွင်းတခုခုကို ပြုလုပ်မိပါက Remove Keyframes ကိုရွေးချယ်နိုင်ပြီး၊ ဆိုးဆိုးဝါးဝါး အမှားအယွင်းများပါရှိနေပါက Trail တခုလုံးကို ဖယ်ရှားပယ်ဖျက်ပစ်နိုင်ပါသည်။

]

ဗွီဒီယိုအား ဖွင့်နေစဉ်အတွင်းတွင် စကရင်အောက်ခြေရှိ အချိန်ကိုဖော်ပြပေးနေသော အချိန်ပြမျဉ်း (timeline) ပေါ်တွင် အဆင့်ဆင့်ဖြစ်ပေါ်နေမှုများကို ပြသပေးနေသော လက်ယာဖက် သို့ ရွေ့လျား သွားနေသည့် စက်ဝိုင်းပုံကို တွေ့မြင်ရမည်ဖြစ်သည်။

၎င်း စက်ဝိုင်းကို ရှေ့နောက် တို့ထိဖိဆွဲပေးခြင်းဖြင့် ဗွီဒီယိုဖိုင်အား ပြန်လည်စီစစ်ခြင်းနှင့် ရွေးချယ် ထားသော ဧရိယာများကို မှန်ကန်စွာ ဖျက်ထားခြင်းရှိမရှိကို စစ်ဆေးနိုင်ပါသည်။

အကယ်ဤ တစ်ခုထက်ပိုသော မျက်နှာများ သို့မဟုတ် ဧရိယာများကို မှုန်ဝါးအောင် ထပ်မံပြုလုပ်လို သည်ဆိုပါက အထက်တွင်ဖော်ပြပေးခဲ့သော လုပ်ငန်းစဉ်အား ထပ်မံပြုလုပ် နိုင်ပါသည်။ မှုန်ဝါးအောင်ပြုလုပ်ထားသော ဧရိယာများအား စိတ်ကျေနပ်သည်ဆိုပါက options ထဲရှိ Save အိုင်ကွန်ကို ရွေးချယ်ပေးရပါမည်။

ထို့နောက် မှုန်ဝါးအောင်ပြုလုပ်ထားသော ရုပ်သံဖိုင်တခု ဖန်တီးနေမှုအခြေအနေကို ဖော်ပြပေးနေသော် အခြေပြဘားတန်းကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ပြီးဆုံးပြီဆိုပါက ရုပ်သံဖိုင်အား ဝေမျှခြင်းမပြုမှီ သို့မဟုတ် ၀ဘ်ပေါ်သို့ ဆွဲမတင်မှီ ဗွီဒီယိုပလေရာ တခုခုဖြင့် ဖွင့်၍ ပြန်လည်စစ်ဆေးကြည့်ရှုနိုင်ပါသည်။

 

ထို့နောက် မျှဝေရန် သို့မဟုတ် အင်တာနက်တင်ရန် ဆောင်ရွက်ပေးမည့် မိမိ ဖုန်းအတွင်းရှိ အခြား အပလီကေးရှင်းများကို တွေ့ရှိနိုင်ရန် Share အိုင်ကွန်ကို ကလစ်နှိပ်ပေးနိုင်သည်။

ရုပ်သံဖိုင်များထုတ်လုပ်ဖန်တီးမှုအတွက် ရွေးချယ်နိုင်သည့်အရာများ

More Action အိုင်ကွန်ကိုရွေးချယ်ခြင်းဖြင့် ရုပ်သံဖိုင်၏ Preferences (မိမိနှစ်သက်သလို စီစဉ်ပြုလုပ်မှုများ) ကို ပြောင်းလဲပေးနိုင်ပါသည်။ ထိုသို့ စိတ်ကြိုက်အစီစဉ်ပြုလုပ်ခြင်းသည် ရုပ်သံဖန်တီးထုတ်လုပ်မှုဆက်တင်အပေါ် သက်ရောက်မှု ရှိပါသည်။

ObscuraCam ကို ထည့်သွင်းပြီးနောက် စက်အတွင်းရှိ မူလပါဆက်တင် (defaults) များကို ကြည့်ပါက အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။

Output Framerate: 15 fps
Output Bitrate: 300 kbps
Custom Video Width: 480px
Custom Video Height: 320px
Output Format: 3gp
Output Video Codec: libx264
Output Audio Codec: copy


မူလပါဆက်တင် (default setting) အရ ရရှိလာမည့် ဖိုင်ဆိုဒ်သည် သေးငယ်သေးကြောင့် ရုပ်သံဖိုင်များကိုဝေမျှပေးပို့ရာတွင် သင့်တော်မှုရှိသော်လည်း၊ ၄င်းဆက်တင်များဖြင့်ဆိုပါက ရုပ်သံဖိုင်၏ အရည်အသွေးမှာ အနည်းငယ် နိမ့်ကျနေနိုင်ပါသည်။ အန်းဒရွိုက်ကိရိယာ အတော်များများသည် ရုပ်သံများကို အရည်အသွေးမြင့်မြင့် မှတ်တမ်းတင်ပေးပါသည်။ သို့ဖြစ်သောကြောင့် အရည်အသွေးနှင့် လျင်မြန်စွာလွှင့်တင်ပေးနိုင်မှု တခုခုကို လဲလှယ်ယူရမည်ဖြစ်သည်။

အကယ်၍ အရည်အသွေးကို အနည်းငယ် မြှင့်တင်ပြီး ဖိုင်ဆိုဒ်ကို ဆက်လက်လျှော့ချထားလိုပါက အောက်ဖော်ပြပါ ဆက်တင်ကို ရွေးချယ်ပေးနိုင်ပါသည်။

Output Framerate: 30 fps
Output Bitrate: 900 kbps
Custom Video Width: 640px
Custom Video Height: 360px
Output Format: mp4
Output Video Codec: libx264
Output Audio Codec: copy

ရုပ်သံဖိုင်များကို မှုန်ဝါးအောင်ပြုလုပ်နိုင်ရန် အခြား အသုံးပြုနိုင်သည့် အရာများ

You Tube ဖြင့်ပြုလုပ်ခြင်း

You Tube တွင် မှုန်ဝါးအောင်ပြုလုပ်နိုင်ရန် ကဏ္ဍတစ်ရပ်ကို ရုပ်သံဖိုင်များရှယ်ရာ လုပ်ခြင်းအတွက် မကြာသေးခင်က စတင် မိတ်ဆက်ပေးထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ဤနေရာတွင် ပြုလုပ်ပုံ အဆင့်အဆင့်ကို အတိုချုပ်လမ်းညွှန်ပေးပါမည်။

YouTube ဆိုဒ်အတွင်း သို့ ၀င်ရောက်ပြီး YouTube စာမျက်နှာများပေါ်သို့ ဆွဲတင်ရန် Upload ခလုပ်ဘေးရှိ မျှားပုံလေးအား  ကလစ်နှိပ်ပေးပါ။ မိမိ မှုန်ဝါးပစ်လိုသော ရုပ်သံဖိုင်းအား ပြင်ဆင် တည်းဖြတ်ရန် Video Manager ထဲမှ Edit ကိုရွေးချယ်ပေးပါ။ ၄င်းနောက် Enchancements ကိုရွေးချယ်ပြီး ၄င်းထဲမှ Face Blurring ကိုရွေးချယ်ပေးရပါမည်။

လုပ်ဆောင်ခြင်းများပြီးဆုံးပါက ရုပ်သံဖိုင်အား ကြိုတင်ကြည့်ရှု  ပေးရန်လိုသည်။  တခါတရံတွင် မျက်နှာများအားလုံးကို မှုန်ဝါးအောင်လုပ်မပေးနိုင်သောကြောင့်  သေချာစွာ စစ်ဆေးကြည့်ရှုပေးရန် လိုမည်။ ရရှိလာသော ရလာဒ်အားစိတ်ကျေနပ်သည်ဆိုပါက Save ကိုရွေးချယ်ပေးရပါမည်။ YouTube ဆာဗာအတွင်းရှိ မူရင်းရုပ်သံဖိုင်အား ဖျက်ပစ်မည်ဖြစ်သော Save As ကို မရွေးချယ်ရပါ။

ဤအကြောင်းအရာများ၏ အသေးစိတ်အချက်အလက်များကို Witness ဘလော့စာမျက်နှာ တွင် ဖော်ပြပေးထားသည်။

http://blog.witness.org/2012/07/visual-anonymity-and-youtubes-new-blurring-tool/ 

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.