FLOSS Manuals

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

Hosting your own Video Site Myanmar

မိတ်ဆက်ခြင်း


ဤလမ်းညွှန်တွင် ဗွီဒီယို များကို စုပေါင်းထားရှိခြင်း၊ ပြသခြင်းနှင့် host လုပ်ရန် နည်းလမ်းများ နှင့် မည်သို့ ပြုလုပ်မည်ဆိုသော လမ်းညွန်ချက်များပါဝင်ပါသည်။ ထို့အပြင် Youtube နှင့် Vimeo ကဲ့သို့သော ၀န်ဆောင်မှုများပေါ်တွင် မှီခိုအားထားနေမှုကို လျှော့ချရန်အတွက် အခြား ကွဲပြားသော နည်းလမ်းများကို ဖော်ပြပေးပါမည်။ ဤလမ်းညွှန်သည် -

  • လူထုသတင်းသမားများ၊ နိုင်ငံရေး(သို့) လူမှုအပြောင်းအလဲလှုပ်ရှားမှုများနှင့် သက်ဆိုင်သော ဗွီဒီယို ဖိုင်များကို မျှဝေလိုသော တက်ကြွလှုပ်ရှားသူများ၊ ဗွီဒီယို ဖိုင်များကို ပိုမိုလွတ်လပ်စွာ မျှဝေရန် အတွက် ပိုမိုလွတ်လပ်သော Hosting ဖြေရှင်းနည်းကို ရှာဖွေနေသောထုတ်လုပ်သူများ
  • ဗွီဒီယို hosting နေရာသစ်တစ်ခုကို အသုံးပြုလိုသော ၀က်ဆိုက်ရေးဆွဲသူများ
  • အင်တာနက်ပေါ်တွင် ဗီဒီယိုများ ဖြန့်ဝေခြင်းနှင့်ပါတ်သက်၍ သင်ယူလေ့လာလိုသူ စိတ်ဝင်စားသူ အားလုံးအတွက် ရည်ရွယ်ပါသည်။

ဤလမ်းညွန်တစ်ခုလုံးတွင် ကျွန်နော်တို့ အနေနှင့် ဗွီဒီယို hosting နှင့်ပါတ်သက်ပြီး မည်သည့် နည်းပညာကို အကောင်းဆုံး ရွေးချယ်အသုံးပြုရန် နည်းစနစ်အချို့ကို မျှဝေပေးနိုင်ရန်အားထုတ်ထားပါသည်။ 


အမှီခိုကင်းသော ဗွီဒီယို hosting ၀က်ဆိုက်တစ်ခု မျက်နှာပြင်ကို ဖမ်းယူထားသောပုံ

ဘာကြောင့် အမှီခိုကင်းလဲ။ ကောင်းကျိုးများနှင့် ကုန်ကျစရိတ်များ

ဘာကြောင့် YouTube တစ်ခုတည်းကိုဘဲ မသုံးသင့်တာလဲ။

WITNESS ကဲ့သို့သော အဖွဲ့ အစည်းများအနေနှင့် လူမှုလုပ်ရှားမှုနှင့် ပါတ်သက်သော ဗီဒီယိုများ နှင့် အခြား လွတ်လပ်သော ထုတ်လုပ်သူများ ၏ ဗွီဒီယိုများကို တင်နိုင်ရန် YouTube နှင့် အခြားသော စီးပွားရေး အရ တည်ထောင်ထားသည် ဗီဒီယိုဖိုင်များ မျှဝေနိုင်သော ၀က်ဆိုက်များကို ကူညီရန် အပြင်းအထန်ကြိုး စားခဲ့ကြပါသည်။ ဥပမာ  Youtube တွင် လူ့အခွင့်အရေးဗွီဒီယိုများကို တင်ပေးသော Channel တစ်ခု အား Witness အဖွဲ့မှ ပြုလုပ်ထားပါသည်။


YouTube သုံးစွဲခြင်းကို ရှောင်ရှာခြင်းဖြင့် ရင်ဆိုင်ရနိုင်သော စိန်ခေါ်မှုများ

  • ကျွန်တော်တို့ ဗွီဒီယိုတွေကို YouTube မှာရှာဖို့ ပေါ်မလာတော့ဘူးဆိုရင် ကြည့်ရှုမည့်သူတွေ ဆုံးရှံးသွားမှာလား

  • ကျွန်တော်တို့ရဲ ဗွီဒီယိုက အရမ်း အောင်မြင်လို့ လူထောင်ပေါင်းများစွာဝင်ကြည့်ရင် ကျနော်တို့ ၀က်ဆိုက် ကြီး ပျက်စီးသွားနိုင်သာလား

  • ဗွီဒီယိုတွေကို အရည်အသွေး အမျိုးမျိုးနဲ့ ဘယ်လိုဖြန့်ဝေ နိုင်မလဲ

စတဲ့ အခြေအနေတွေကို ကျနော်တို့ အနေနဲ့ ကိုယ်ပိုင် hosting သုံးတဲ့ အခါမှာ စဉ်းစားစရာ များ အဖြစ် ရင်ဆိုင်လာရနိုင်ပါတယ်။

ကျနော်တို့အနေနှင့် ယင်းစိန်ခေါ်ချက်များကို မည်သို့ကျော်လွှားမည် (သို့မဟုတ် ) ဘယ်လို ရင်ဆိုင်မည်ဆိုသည်ကို အောက်တွင် ဆက်လက်ဖော်ပြမယ့် အခန်းတွေမှာ တစ်ဆင့်ပြီး တဆင့် မိတ်ဆက် ရှင်းပြ သွားမှာဖြစ်ပါတယ်။

လမ်းညွှန်စာအုပ်အကြောင်း

ကောင်းမွန်သော လူမှုအပြောင်းအလဲများအတွက် အွန်လိုင်း ဗွီဒီယိုများ ကို သေချာစွာအသုံးပြုနိုင်ရန် လမ်းညွှန်ချက်များနှင့် Internews Europe ၏ လူ့အခွင့်အရေးဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ စီမံချက်၏ အစိတ်ပိုင်းတစ်ခုအဖြစ် ပါလုပ်ဆောင်နိုင်ရန် အတွက် လမ်းညွန်ထားပါသည်။ ဤလမ်းညွှန်စာအုပ်ကို ရေးသား သူသည် FLOSS လက်စွဲစာအုပ်များ စီမံချက်၏ တက်ကြွသော အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Mick Fuzz နှင့် Engagemedia မှ Anna Helme တို့ဖြစ်ပါသည်။ v4c.org နက်ဝက်အနေဖြင့် ရေးသားပြုစုထားသည်များ ကို အချောသတ် ပြန်လည်တည်းဖြတ်ပေးထားပါသည်။

လမ်းညွှန်တွင် ပါဝင်သည့်အချက်များ

၂) ဝေါဟာရများနှင့် အယူအဆများကို ခြုံငုံသုံးသပ်ခြင်း

၃) ကိုယ်ပိုင် Hosting (သို့မဟုတ်) ဗွီဒီယို ၀န်ဆောင်မှု

၎) အွန်လိုင် ဗွီဒီယိုများကို နည်းလမ်းနှစ်မျိုးဖြင့်ပေါင်းစပ်ချဉ်းကပ်ခြင်း

၅) အွန်လိုင်းဗွီဒီယို ပလေယာများကို ချဉ်းကပ်ခြင်း

၆) ဗွီဒီယို စုပေါင်းထားခြင်း

 

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.